Main menu

Background

အင်ဒိုနီးရှားသို့ မြန်မာ့ဆေးရွက်ကြီး တန်ချိန် ၂၀၀ ကျော်တင်ပို့

Wed, 07/20/2016 - 14:56 -- journal_editor

မြန်မာနိုင်ငံတွင် ဘိန်းအစားထိုးသီးနှံအဖြစ်  ပန်းဂျုံ၊ ပန်းနှမ်း၊ ရော်ဘာ၊ နှမ်းနက်၊ နှမ်းဖြူ၊ ကြိမ်သီး၊ မြေပဲဆန် ၊ ကော်ဖီစေ့ အပြင် ဆေးရွက် ကြီးကိုလည်း အစားထိုးသီးနှံ အဖြစ် စိုက်ပျိုး လျက်ရှိပြီး နိုင်ငံခြားသို့ တင်ပို့ လျက် ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာ့ဆေးရွက်ကြီးကို ၂၀၀၅ ခုနှစ်မှ ယနေ့ထိ အင်ဒို နီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ တောင် ကိုရီးယား၊ တရုတ်၊ ယူအေအီးနဲ့ အမေရိကန်ပြည်ထောင်စုသို့ တန်ချိန် ခုနစ်ထောင်ေ ကျာ် တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ယခုလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘိန်း အစားထိုးသီးနှံအဖြစ် ဗာဂျီးနီး ယားနဲ့ဘာလီ ဆေးရွက်များကို ဒေသခံတောင်သူများနဲ့ အကျိုးတူပူးပေါင်း၍
Contract Farmingစနစ်ဖြင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင် မြို့နယ်၊ ဆိုက်ခေါက် မြို့နယ် နှင့်ကျောက်တလုံးမြို့နယ်ခွဲ ဒေသများတွင် စိုက်ပျိုးလျက်ရှိပါတယ်။အဆိုပါမြို့နယ်များမှ ထွက်ရှိ တဲ့ ဆေးရွက်ကြီးများကိုAlliance One Myanmar Co.,Ltd က ၂၀၁၃ ခုနှစ်တွင် တန်ချိန် ၅၀၊ ၂၀၁၄ ခုနှစ်တွင် တန်ချိန် ၁၈၀ ကျော် တင်ပို့ခဲ့ပါ တယ်။ ယခုအခါ ၂၀၁၅ခုနှစ်အတွင်းက စိုက်ပျိုးထွက်ရှိ ခဲ့တဲ့ဆေးရွက်ကြီးတန်ချိန် ၂၃၇ ဒသမ ၁၄၁ တန်ကို အင်ဒို နီးရှားနိုင်ငံသို့ တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။ တင်ပို့မယ့် ဆေးရွက်ကြီး တန်ချိန် ၂၃၇ ဒသမ ၁၄၁ တန်ရဲ့ တန်ဖိုးကတော့ အမေရိ ကန်ဒေါ်လာ ၇၀၉၆၇၄ ဒသမ ၄၀ ရှိတယ်လို့ သိရ ပါတယ်။
ယခင်က ဘိန်းကိုသာ အဓိကထားပြီး စိုက် ပျိုးခဲ့တဲ့ အဆိုပါဒေသတွေမှာ နိုင်ငံခြားဝင်ငွေ ရနိုင်တဲ့ ဆေးရွက်ကြီးနဲ့ ဘာလီဆေးရွက်တွေကို ယခုထက် ပိုမိုတိုးချဲ့ စိုက်ပျိုးခြင်းဖြင့် နိုင်ငံခြား ငွေများ တိုးတက်ရ ရှိ နိုင်ေ အာင် ဆောင် ရွက်နိုင် ကြောင်း အသိပေးလိုက်ရပါတယ်။  

       အိလေးမွန်(DOT)