Main menu

Background

ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်မျိုးစုံ ၁၅၀၀၀ နီးပါး ဝင်ရောက်

Thu, 07/21/2016 - 12:48 -- journal_editor

ဇူလိုင်လပထမပတ်အတွင်း ကုန် သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၆ဒသမ၉၉၉သန်းတန်ဖိုးရှိတဲ့ ဆိုင်ကယ်မျိုးစုံ ၁၄၈၉၅စီး တင်သွင်းခဲ့ ပါတယ်။ ယခင်တစ်ပတ်ကထက် အစီး ၈၀၀ကျော် ပိုမိုတင်သွင်းခဲ့ပါ  တယ်။
ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ် ရေးစခန်းများမှ တင်သွင်းမှုအခြေအနေ ကို ကြည့်ပါက မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄ဒသမ ၁၆၉သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၂၉၂၃စီး၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၀၇သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၂၀စီး၊ ကန်ပိုက်တီးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၆သန်း တန်ဖိုးရှိ ဆိုင်ကယ် အစီး၆၀နဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ဒသမ ၇၈၄သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၇၉၂စီးတို့ အသီး သီး တင်သွင်းခဲ့ပါတယ်။တမူးကုန်သွယ်ရေးစခန်းမှ ယခု တစ် ပတ်အတွင်း က တစ်ဖက်အိန္ဒိယ နိုင်ငံ ရဲ့ မိုရေး-အင်ဖာကားလမ်းပိတ် ထားတဲ့အတွက် ဆိုင်ကယ်တင်သွင်းမှု မရှိတာ တွေ့ရပါတယ်။မြန်မာအိန္ဒိယနယ်စပ်မှ သုံးလ အတွင်း အိန္ဒိယဆိုင်ကယ်အစီးရေ ၁၀၀၀ကျော် တင်သွင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ် ထက် တင်သွင်းမှု လျော့နည်းသွား ကြောင်း တမူးကုန်သွယ်ရေးစခန်းမှ သိရပါတယ်။
ခင်မိုးသူ