Main menu

Background

မူဆယ်ကုန်သွယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်း တန်ချိန် ၄၀၀ ကျော် တင်ပို့

Thu, 07/21/2016 - 12:57 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇူလိုင် ၂ ရက်မှ ၇ ရက်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၄၃၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄၁၉ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ ပရဆေးကုန်ကြမ်းတွေကတော့  ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ တော ချင်း၊ မာလာဥခေါင်း၊ ကြောင်ပန်းစေ့၊ နေလဲစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ ရွေးစေ့၊ ရွေးရွက်၊ ချဉ်ပေါင်ဖာလာ၊စမုံနက်၊ ကွမ်းစာ၊ ဂမုန်း၊ ဝဥခြောက်၊ ဖန်ခါး သီးခြောက်၊ ဆီးဆန်နဲ့ မုတ်ခါးတို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ပရဆေးအမယ် ၉မျိုး စုစုပေါင်း၄၂၅တန် တင်ပို့ခဲ့လို့  ယခုတစ်ပတ် ပရဆေးတင်ပို့မှုမှာကုန်ကြမ်းအမယ်များသော်လည်း တင်ပို့တန်ချိန် ၅တန် ခန့် လျော့ နည်း သွားခဲ့တာကို တွေ့ရပါတယ်။မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းကတော့ ပုံမှန်တင်သွင်းနေကျ အမေရိကန်ဒေါ်လာ ၇၇၆၆၃ တန်ဖိုးရှိ တောင်လုံးကျော် လေးတန် တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က သုံးတန်ခွဲ သာတင်သွင်းခဲ့သဖြင့် ယခုတစ်ပတ် အိန္ဒိယမှတောင်လုံးကျော် အနည်းငယ်ပိုမိုတင် သွင်းခဲ့ပါတယ်။        
                                                                                                                           
      မော်မော်အောင်