Main menu

Background

ပြည်ပဈေးကွက်တွင် ဖျာပုံမှ ငါးမုတ်နှင့် ငါးသလောက် ဈေးကောင်းရနေ

Tue, 07/26/2016 - 15:50 -- journal_editor

ဖျာပုံမြို့နယ်သည် လယ်ယာ စိုက်ပျိုးခြင်း လုပ်ငန်းနှင့် ပင်လယ် ငါးဖမ်းခြင်း လုပ်ငန်းတို့ဖြင့် စီးပွားရေး ရပ်တည်နေသော မြို့တစ်မြို့ ဖြစ်ပါ တယ်။ ယခုလရာသီသည် လယ်ယာ လုပ်ငန်းများကို စတင်စိုက်ပျိုး လုပ်ကိုင် ကြေ သာ လရာသီ ဖြစ်သလို ပင်လယ်ငါးဖမ်းလုပ်ငန်းအနေဖြင့်လည်း ငါးမုတ် ငါးဖမ်းသော လရာသီလည်း ဖြစ်ပါ တယ်။ ငါးမုတ်ငါးများကို ဇွန်လမှစ၍ သြဂုတ်လအထိ ဖမ်းယူကြပါတယ်။ငါးမုတ်သည် ဈေးကွက်ဝင်ငါးဖြစ်လို့ ပင်လယ် ငါးဖမ်း ရေယာဉ်ပိုင်ရှင်များ အနေဖြင့် သူ့လရာသီရောက်လာလျှင် ငါးမုတ်ကိုသာ ဦးစား ပေးဖမ်းလေ့ ရှိကြ ပါတယ်။ ဒုတိယဈေးကွက်ဝင် ငါးမှာငါးသလောက်ဖြစ်ပြီး ယခုအချိန် အခါသည် ငါးသလောက်ရာသီ မဟုတ်သော်လည်း လက်ကျန် ငါးသလောက် အကောင်ကြီးများကို ရရှိပြီး ဈေး ကွက်မှာ ဈေးကောင်း ရရှိပါတယ်။ငါးသလောက်ရာသီမှာ စက်တင် ဘာလကစပြီး ထိုလတွင် ၂၀-၃၀ ကျပ်သားအရွယ်များ ရရှိပါတယ်။  နိုဝင်ဘာလောက်တွင် ငါးသလောက် ၄၀-၅၀-၆၀ ကျပ်သားအရွယ်ခန့်ရှိသော အကောင်များကိုရရှိပါတယ်။တစ်နှစ် ထက်တစ်နှစ် ငါးရရှိမှုအခြေအနေမှာ ရာသီဥတုပေါ်တွင် မူတည်လျက်ရှိပြီး ပင်လယ်ထဲမှာ တစ်နှစ်ကို မုန်တိုင်း တစ်ကြိမ် နှစ်ကြိမ် ပုံမှန်ကျရောက်လေ့ ရှိပါတယ်။ ယခုထက် မုန်တိုင်းအကြိမ် ရေများလာရင်တော့ ငါးဖမ်းရေယာဉ် များ နားရက်ပိုလာကာ ငါးလည်း အရ နည်းသွားမှာ ဖြစ်ပါတယ်။
ဖျာပုံမြို့နယ်မှ ငါးသလောက် ဝယ်ဈေးမှာ ၃၀၀ မှ ၅၀၀ ဂရမ်ကို ၈၀၀၀ကျပ်၊ ၅၀၀မှ ၈၀၀ ဂရမ်ကို ၁၀၅၀၀ ကျပ်၊ ၈၀၀မှ ၁၀၀၀ ဂရမ်ကို ၁၅၀၀၀ ကျပ်၊ ၁၀၀၀မှ ၁၂၀၀ ဂရမ်ကို ၁၆၀၀၀ကျပ်၊ ၁၂၀၀မှ ၁၅၀၀ဂရမ်ကို ၁၈၀၀၀ ကျပ်၊ ၁၅၀၀ ဂရမ်အထက်ကို ၂၀၀၀၀ ကျပ်ဈေးများ ရှိပါတယ်။ငါးမုတ်ဝယ်ဈေးမှာ ၁၀၀ ဂရမ် အောက် ၅၆၀၀ကျပ်၊ ၁၀၀ မှ ၂၀၀ ဂရမ်ကို ၁၂၅၀၀ကျပ်၊ ၂၀၀ မှ ၃၀၀ ဂရမ်ကို ၁၈၃၀၀ကျပ်၊ ၃၀၀ မှ ၄၀၀ ဂရမ်ကို ၂၅၀၀၀ကျပ်၊ ၄၀၀ ဂရမ် အထက်ကို ၃၆၅၀၀ ကျပ်ဈေးများ အသီးသီးရှိကြောင်း သိရပါတယ်။ဖျာပုံမြို့နယ်မှ ရရှိသော ပင်လယ် ငါးများအား ရန်ကုန်သို့ တင်ပို့ပြီး ငါး များအား အေးခဲစက်ဖြင့်ခဲ၍ ရန်ကုန်မှ တစ်ဆင့် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံများသို့ တင်ပို့ကြပါတယ်။ တင်ပို့သောငါးများမှာ တရုတ်နှင့် အိန္ဒိယသို့ ငါးမုတ်၊ ငါးရွှေဝါ၊ ကတ် သမျှင်၊ ငါးရွှေနှင့် ငါးပုတ်သင်ငါးများ တင်ပို့လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ငါးသလောက်၊ ငါးခွေးလျှာ၊ ငါးမျက်ပြူး၊ ငါးဇင်းပြားနှင့် ငါးကုလားငါးများကို တင်ပို့လျက် ရှိပါတယ်။ ယခု နှစ် ငါး ဈေးကွက်မှာ မြင့်တက်လာဖို့ရှိပြီး တစ်ပိဿာလျှင် ၂၀၀၀-၃၀၀၀ကျပ်ခန့် ပိုမိုရရှိလာသည့်အတွက် လုပ်ငန်းရှင် များ တွက်ခြေကိုက်လျက်ရှိကြောင်းဖျာပုံမြို့နယ် ပင်လယ်ကမ်းနီး ကမ်းဝေး လုပ်ငန်း တစ်ခုဖြစ်တဲ့ ပြည့်ဖြိုးကျော် လုပ်ငန်းကုမ္ပဏီ မှ ဦးဝေမြင့်က ပြောပါ တယ်။        
           မင်းဇော်မွန် (ဖျာပုံ)