Main menu

Background

တရုတ်ပြည်သို့ဝါဂွမ်း ပုံမှန်တင်ပို့

Thu, 07/28/2016 - 11:01 -- journal_editor

ငွေချည်-၆   ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုကို တောင်တွင်းကြီး၊ ပျော် ဘွယ်၊ ရမည်းသင်း၊  စလေ၊ ချောက်၊ အောင်လံ၊ ပေါင်းတည်နဲ့ ဝက်ထီးကန် ဒေသတွေမှာ အများဆုံးစိုက်ပျိုးကြပြီး တရုတ်နိုင်ငံဈေးကွက်သို့ အဓိကတင် ပို့ ရောင်းချလျက်ရှိပါတယ်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်  ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ဒုတိယပတ်တွင်  အမေရိကန်ဒေါ်လာ ၁၀၅၆၀၀ တန်ဖိုးရှိ   ဝါဂွမ်း ၄၈ တန် တင်ပို့ခဲ့ပါတယ်။   ငွေချည် -၆ ဝါကို ၂၀၁၄ ခုနှစ် မတ်လမှ စတင်တင်ပို့ခွင့် ပြုခဲ့ရာ  လိုင်စင်ဈေးမှာ   တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၂၀၀ ရှိတယ်လို့ သိရပါတယ်။
မော်မော်အောင်