ဒီတစ်ပတ် နနွင်းဈေးကွက် အရောင်းအေးနေသလို ပစ္စည်း အဝင်လည်းနည်း နေပြီလို့ သိရှိရပါတယ်။ ပစ္စည်းအဝင်နည်းသွားပေမယ့် လှောင် လက်တွေက အဝင် လှိုင်ချိန်မှာ ပစ္စည်းတွေဝယ်စုထားကြပြီး အခုချိန်မှာဝယ်လက် မရှိလို့ ကုန်သည်များမှာ ပစ္စည်းရှိပြီး ဝယ်လက်ထိုင်စောင့်နေရတယ်လို့လည်း သိရှိရပါ တယ်။ နနွင်းဈေးက တော့ တစ်ပိဿာကို ကျပ် ၁၃၀၀ မှ ကျပ် ၁၇၀၀ ထိဈေးရှိနေပါတယ်။ဒီတစ်ပတ် မှာတော့ ချင်းရော နနွင်းပါအရောင်းအေးေ နတယ်လို့ သိရှိရပါ တယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိဿာကျပ် ၂၆၀၀ ဈေးရှိတယ်လို့ သိရှိရပါ တယ်။ အရောင်းအဝယ်ကတော့ တစ်ပတ်အတွင်း အမှုန့်ကြိတ်သမားလောက်သာ အဝယ်ရှိလို့ ပိဿာချိန်သုံးသောင်းခန့်လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။
ဟိုပုံးဈေးကွက်မှာ နနွင်းအဝင်မရှိတော့ဘူးလို့ သိရှိရပါတယ်။ အရောင်း အဝယ်ကတော့ မိုးများတာရယ် ဝယ်လက်ဖြစ်တဲ့ ရခိုင်၊ စစ်တွေဘက်မှာ လမ်းတွေ ပျက်နေတာကြောင့် အရောင်းအေးနေတယ်လို့ သိရှိရပါတယ်။ နနွင်းပေါက်ဈေး ကတော့ တစ်ပိဿာကို ကျပ် ၁၂၀၀ မှ ကျပ် ၁၅၀၀ အထိ ဈေးရှိတယ်လို့ ဟိုပုံး ဈေးကွက်မှ သိရှိရပါတယ်။
စောယုထွေး(တောင်ကြီး
Background