Main menu

Background

စခန်းစုံမှ ကြက်သွန်နီ တင်ပို့

Thu, 09/08/2016 - 13:07 -- journal_editor

သြဂုတ် ၂၀ရက်မှ ၂၆ရက်တာ ရက်သတ္တပတ်တွင် မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၂၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၈၀၀ ၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှ အမေ ရိကန်ဒေါ်လာ ၈၇၁၂၁ တန်ဖိုးရှိ ကြက်သွန်နီ ၂၃၉ တန်နီးပါး၊ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၆၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ နဲ့ အမေရိကန်ဒေါ်လာ ၂၆၀၇၀၀ တန်ဖိုးရှိ ကြက်သွန် ဖြူ ၁၆၅ တန် အသီး သီး တင်ပို့ခဲ့ကြပါ တယ်။ ယခင်ရက်သတ္တပတ်က မူဆယ်မှ ကြက်သွန်နီ ၁၅၅၀ တန်နဲ့ မြဝတီမှ ၂၂၂တန်ကျော်သာ တင်ပို့ခဲ့တဲ့ အတွက် ယခု တစ်ပတ် ကြက်သွန်နီ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်တွင် ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တစ်နေ့လျှင် ပျမ်းမျှ ကား အစီးရေ ၁၃စီးခန့် ဝင်ရောက်ခဲ့ကြောင်း၊ မူဆယ်နဲ့ တာချီလိတ်တွင် ကြက်သွန်နီ လိုင်စင်ဈေး တစ်တန်ကို ၂၆၅ ဒေါ်လာ၊ မြဝတီ တွင် ၃၆၅ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။