Main menu

Background

စခန်းစုံမှ ပရဆေးကုန်ကြမ်း တင်ပို့

Fri, 09/30/2016 - 10:25 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၈၈ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်းအမယ် ၁၄ မျိုးကို တန် ၅၀၀ နီးပါး တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့  တောချင်း၊ တောဂျူးမြစ်၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊  ဆီးဆန်၊ နေလဲစေ့၊ ကြောင်လျှာစေ့၊  ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ ချင်းခြောက်၊ နနွင်းတက်၊  ချဉ်ပေါင် ဖာလာနဲ့ တောင်လုံးကျော် တို့ဖြစ်ပါတယ်။
အလားတူ  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း  အမေရိကန်ဒေါ်လာ ၁၂၁၁၀၀ တန်ဖိုးရှိ ကြက်ဆူစေ့ ၁၇၃ တန်ကိုလည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ် ရှိ တမူး ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၉၅၂၄ တန်ဖိုး ရှိ  တောင်လုံးကျော် တန်ဝက်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၅၂၃၉ တန်ဖိုးရှိတောင် လုံးကျော် တစ်တန်နီးပါးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။          

    မော်မော်အောင်