Main menu

Background

ဝိုင်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်းပါ အယ်လ်ကိုဟော ပါဝင်မှုရာခိုင်နှုန်းအား ပြင်ဆင်သတ်မှတ်ခြင်း

Tue, 10/04/2016 - 10:10 -- journal_editor

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လက်ရှိပြောင်းလဲတိုးတက်လာသော အခြေအနေအရ နိုင်ငံခြားသား ဝင်ရောက်မှုများပြားလာခြင်း၊ ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိခြင်း တို့ကြောင့် နိုင်ငံခြား ဖြစ် ဝိုင်အမျိုးမျိုးကို တင်သွင်းခွင့်ပြုခဲ့ပါသည်။

       အဆိုပါ ဝိုင်တင်သွင်းခွင့်လုပ်ထုံးလုပ်နည်းပါ စည်းကမ်းချက်များခေါင်းစဉ် အပိုဒ် ၈ (ဈ)တွင် ပါဝင်သည့် "တင်သွင်းဝိုင်၏ အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်း (Alcohol By Volume) မှ (၇%) မှ (၂၀%) အ တွင်းရှိရမည်"အစား "တင်သွင်းဝိုင်၏ အယ်လ်ကိုဟော ပါဝင်မှု ရာခိုင်နှုန်း (Alcohol By Volume) မှာ ၂၀% အတွင်းသာ ရှိရမည်" ဟု ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြောင်း လဲ ပြင်ဆင်သတ်မှတ်လိုက်သည်။