မြိတ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလအတွင်းလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာသုံး သန်းရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ သန်း ဖြစ် ပြီး ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၈၆ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၀၂ သန်းအထိ ရရှိအောင် ဆောင်ရွက်နိုင်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၈၈ သန်းဆောင်ရွက်ခဲ့ပါတယ်။ လျာထားချက်အပေါ်ဆောင်ရွက်နိုင်မှုမှာ ၁၁၃ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက် မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် လျာထားချက်ထက်ကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြိတ်ကုန်သွယ်ရေး စခန်းရဲ့စက်တင်ဘာလကုန်သွယ်မှုကို ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါကလည်း ပို့ကုန်အမေရိကန်ဒေါ်လာ သုညဒသမ ၅၁ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာသုည ဒသမ ဝ၄၉ သန်းပိုမိုတဲ့အတွက် ကုန်သွယ်မှုပမာဏ အမေ ရိကန် ဒေါ်လာ သုညဒသမ ၉၀ဝ သန်းပိုမိုဆောင်ရွက်ခဲ့သလို အနီးစပ်ဆုံးကာလဖြစ်တဲ့ ဩဂုတ်လထက် ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၃ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ သုညဒသမ ဝ၄၉ သန်းပိုမိုခဲ့ကာ ကုန်သွ ယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၅၂ သန်းပိုမိုဆောင်ရွက်ခဲ့ပါတယ်။ ကာလတူထက်ပိုမိုရခြင်းမှာ စက်တင်ဘာလအတွင်း ရေထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ငါးမျိုးစုံ၊ ကင်းမွန်နဲ့ကဏန်းများ၊ သစ်တောထွက် ပစ္စည်းဖြစ်တဲ့ သစ်မာခွဲသားများ ပိုမိုတင်ပို့နိုင်ခြင်းကြောင့်ဖြစ်ပြီး၊ သွင်းကုန်ပိုင်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ လုပ်ငန်းသုံးကုန်ကြမ်းနဲ့ လူသုံးကုန်ပစ္စည်းများ ပိုမိုတင်သွင်းနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ မြိတ်ကုန်သွယ်ရေးစခ န်းရဲ့ စက်တင်ဘာလအတွင်း အများဆုံးတင်ပို့ခဲ့တဲ့ ကုန်ပစ္စည်းများကတော့ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ ငါးမှုန့်၊ ကင်းမွန်၊ အေးခဲကဏန်း ပျော့၊ သဲကဏန်း၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးအသားလွှာ၊ ကဏန်းသေးအသေတို့ဖြစ်ပြီး အ များဆုံးတင်သွင်းခဲ့တဲ့ ကုန်ပစ္စည်းများ ကတော့ ဒီဇယ်ဆီ၊ ဘိလပ် မြေ၊ ဟင်းချက်ဆီ၊ ဓာတ်ဆီ၊ ဓာတ်မြေဩဇာ၊ စက်အပိုပစ္စည်း၊ အင်ဂျင်ဝိုင်တို့ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ