Main menu

Background

(၁၂)ကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေး ကျင်းပရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

Thu, 12/01/2016 - 13:24 -- journal_editor

       မူဆယ်မြို့တွင်ကျင်းပမည့် (၁၂) ကြိမ်မြောက် မူဆယ်-ကျယ်ဂေါင်နယ် စပ်ကုန်စည်ပြပွဲတွင် ထည့်သွင်းပြုလုပ်မည့် (၁၂)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိ နှိုင်းရေးကော်မတီ အစည်းအဝေး (Joint Border Trade Cooperating  and Coordinating Committee- JBTCC) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က နေပြည် တော်ရှိ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိ သူများ  တက်ရောက်ခဲ့ကြ သည်။
        အဆိုပါ ညှိနှိုင်းအစည်းအဝေး တွင်  ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က JBTCC အစည်းအဝေးနဲ့ မူဆယ်ကုန်စည်ပြပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ပြုလုပ်ရန်စီစဉ်ထားရှိပါကြောင်း၊ အဆိုပါ JBTCC  အစည်းအဝေးတွင် ယခင်နှစ်ကဆောင် ရွက်ခဲ့သည်များကို ပြန်လည်မေးမြန်းမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားဖို့ လိုအပ်ပါကြောင်း၊ ထို့ပြင် နှစ်နိုင်ငံသက်ဆိုင်ရာဥပဒေ၊ လုပ် ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ ကုန်စည်ပြပွဲနှင့်ပတ်သက်၍ လုံခြုံရေး ရရှိလာမှုအပေါ်မူတည်ပြီး ဆောင်ရွက်ရန်ဖြစ် မဖြစ်ကို ဒီဇင်ဘာလ ပထမပတ်တွင် နောက်ဆုံးအစည်းအဝေး ကျင်းပ ပြီးပါက ပုံမှန်ရက်သတ်မှတ် ထားသည့်အတိုင်း လုပ်ဖြစ်မည်ဆိုပါက ကြိုတင်  အကြောင်းကြားမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်  တက်ရောက်လာကြ သည့်  သက်ဆိုင်ရာဌာနအသီးသီးနှင့် အသင်းအဖွဲ့များမှ  တာဝန်ရှိသူများက တင်ပြထားသည့်  အချက်အလက်များ အပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

မယ်သီတာ