Main menu

Background

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လဲမှို့ တင်ပို့ပြီး တရုတ်နိုင်ငံသို့ ပိုးအိမ်တင်ပို့

Mon, 01/23/2017 - 15:13 -- journal_editor

        မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၅၀၀ တန်ဖိုးရှိ လဲမှို့ ၁၀ တန် တင်ပို့ခဲ့သလို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၇၂ သန်း တန်ဖိုးရှိ ပိုးအိမ် ၁၆ တန် တင်ပို့ခဲ့ပါတယ်။မောင်တော မှ လဲမှို့ ၁၂ တန်ကို အောက်တိုဘာလ အတွင်းက တင်ပို့ခဲ့ပြီး လိုင်စင်ဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၅၀ ရှိတယ်လို့ သိရပါ တယ်။                       

  မော်မော်အောင်