Main menu

Background

တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့စခန်းများမှ သကြား လျော့နည်းတင်ပို့ပြီး ထိုင်းနယ်စပ်မှ သကြားပိုမိုတင်သွင်း

Thu, 01/26/2017 - 15:31 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆၂၄ သန်း တန်ဖိုးရှိသကြား ၄၅၃၉၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှRe-export သကြား ၄၅၀၅၈ တန်ကျော်၊ ချင်းရွှေဟော်မှ သကြားဖြူ ၂၆၉ တန်နဲ့ ွRe-export သကြား ၆၉ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က အဆိုပါ စခန်းနှစ်ခုမှ ၄၆၃၉၀ တန် ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်တရုတ်နိုင်ငံသို့ သကြား ၉၉၃ တန်ခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။
မူဆယ်ကုန်စည်ဒိုင်မှာ ဇန်နဝါရီလဆန်းပိုင်းက သကြား တစ်တန်လျှင် ၁၀၀၀၈၄၀ ကျပ်ဈေးရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ ၉၉၅၈၈၀ ကျပ်အထိ ဈေး ကျဆင်းသွားခဲ့တာတွေ့ရပြီး တစ်ဖက်နိုင်ငံတွင် ၅၀ ကီလိုတစ်အိတ်လျှင် ၂၅၇-၂၅၈ ယွမ်ဈေးရရှိတယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်တွင် ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၇၃ သန်းတန်ဖိုးရှိ ွRe-export သကြား ၈၄၉၆ တန်ခွဲတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၁၅၅ တန်သာ တင်သွင်းခဲ့ တာကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ခုနစ်ထောင်ကျော် ပိုမို တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။          

မော်မော်အောင်