Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးခွဲ(နေပြည်တော်) ဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား

Wed, 02/15/2017 - 10:45 -- journal_editor

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဖေဖော်ဝါရီ ၆ ရက်တွင် နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ် ပျဉ်းမနား- တောင်ညိုလမ်းမကြီးပေါ်ရှိ Grand ACE Villa  ၌ ကျင်းပပြုလုပ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း၊ နေပြည်တော်ရုံးခွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။ ရှေးဦးစွာ တရုတ်ပြည်သူ့ သ မ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ အထွေထွေ အတွင်းရေးမှူး မစ္စတာဝမ်ကျွမ့်ချမ်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။
           ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အမှာစကားပြောကြားရာတွင် တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း အနေဖြင့် မြန်မာနိုင်ငံကိုယ်စား လှယ် ရုံးခွဲများကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တို့တွင် ဖွင့်လှစ်ထားသည်ကို သိရှိရပါကြောင်း၊ ယခု နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် တွင် မြန်မာနို င်ငံ ကိုယ်စားလှယ်ရုံး၊ နေပြည်တော်ရုံးခွဲဖွင့်လှစ်နိုင်ခြင်းအတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံအစိုးရဝန်ကြီးဌာနများနှင့် ကုန်သည်များအချင်းချင်း လွယ်ကူနီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ တယ်ဟုန်ပြည်နယ်ခွဲသည် မြန်မာ နိုင်ငံ၊ ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်းနှင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိရာ အဆိုပါ ဒေသရဲ့ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် အလွန် အရေးကြီး သည့်ဒေသဖြစ်ပြီး ဒေသ တွင်း ပြည်သူအချင်းချင်း၊ ကုန်သည်အချင်းချင်း၊ အစိုးရဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကိုလည်း အလေးထားအားပေး မြှင့်တင်ဖို့လိုပါကြောင်း၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်အသင်းအနေနဲ့ နေပြည်တော်တွင် ယခု ကဲ့သို့ လာရောက်ဖွင့်လှစ်သည့်အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ် ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် သတင်းအချက်အလက်ကဏ္ဍများတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် ပွင့် လင်းမြင်သာ စွာဖြင့် အသိအမြင်များ အချင်းချင်းဖလှယ်နိုင်သည့် အကျိုးရလဒ်ကောင်းများ ပိုမိုဖြစ်ထွန်းလာမှာဖြစ်ကြောင်း ပြောကြားသည်။
          ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ သံရုံး ယာယီတာဝန်ခံမှ အမှာစကားပြောကြားပြီးနောက် နေပြည်တော်ကောင်စီ၏ပညာ ရေးနှင့် ကျန်းမာရေးကဏ္ဍများ အတွက် အလှူငွေကျပ်သိန်း ၂၀၀ ပေးအပ်လှူ ဒါန်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က လက်ခံရယူပြီး ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက စက်ခလုတ် နှိပ်၍ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

MOC (IR)