Main menu

Background

လွိုင်ကော်မှ မူဆယ်သို့ ပြောင်းများ နေ့စဉ်တင်ပို့

Wed, 03/01/2017 - 14:42 -- journal_editor

ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၂ ရက်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့မှ မူဆယ်ဈေးကွက်သို့ တစ်ရက် လျှင် ပြောင်းတန်ချိန် ၁၀၀ ခန့်တင်ပို့လျက်ရှိရာ ယခု တစ်ပတ်အတွင်း တန်ချိန်ပေါင်း ၅၉၉ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်မှ  တင်ပို့သည့် ပြောင်းများကို  မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးမှတစ်ဆင့် မူဆယ်မြို့သို့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း တင်ပို့ခဲ့သည့် ပြောင်းတန်ချိန် ၅၉၉ တန်တွင် လွိုင်ကော်မြို့၊ လင်ဖုံေ လးရွာမှတစ်ဆင့် မိုးဗြဲ၊ ဖယ်ခုံလမ်းကြောင်း၊ လွိုင်လင်လေးမှတစ်ဆင့် ဆီဆိုင်၊ တောင်ကြီးလမ်းကြောင်း တို့မှတင်ပို့သည့် ပြောင်းတန်ချိန်များ မပါဝင်ကြောင်း သိရသည်။အဆိုပါလမ်းကြောင်းများမှ တင်ပို့သည့်ပြောင်းတန် ချိန်များကိုပါ ထည့်သွင်း တွက်ချက်ပါက တစ်ရက်လျှင် ပြောင်းတန်ချိန် ၁၅၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့မှ ပြောင်းစိုက်တောင်သူများမှာ ပြောင်းစိုက်ပျိုးခြင်းမှအမြတ်အများအပြား မရရှိဘဲ အရင်းကျေရုံသာ ရရှိခဲ့ကြောင်း သိရသည်။
ဗညားထက်