Main menu

Background

ကလေး၊ တမူးဒေသထွက် မျောက်ငိုသီးများ ဈေးကောင်းရ

Wed, 03/08/2017 - 13:28 -- journal_editor

  ကလေး၊ တမူးဒေသထွက် မျောက်ငိုသီးများ အထွက် လှိုင်နေပြီဖြစ်၍ တမူးနန့်ဖါလုံဈေးသို့နေ့စဉ်ဆိုင်ကယ်စီးရေ ၃၀ ခန့် ပုံမှန်တင်ပို့နေပြီဖြစ်ကြောင်း ဒေသခံခြံရှင်များထံမှ သိရပါတယ်။ မျောက်ငိုပင်သည် စိန်ပန်းပင်နှင့် သဏ္ဌာန် တူပြီး အသီးကအခိုင်လိုက်ကိုင်းများမှာ သီးပါတယ်။ ပင်စည် ချောကာ သစ်ပင်တက်ကျွမ်းကျင်သော မျောက်များပင်တက် ရန်ခက်ခဲ၍ ဒေသခေါ်မျောက်ငိုပင်လို့  လူသိများပါတယ်။ အိန္ဒိယကသည်းလူမျိုးများ နှစ်ခြိုက်စွာ စားသုံးပြီး၊ မျောက်ငို သီးစားပွဲတော်များပင် နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရပါ တယ်။
အရသာမှာ ဒညင်းသီးအရသာနှင့်တူပြီး ဒေသတွင်း ပေါက်ဈေးမှာ အစေ့ငါးစေ့ပါ မျောက်ငိုသီးတစ်ထောင့် မြန်မာငွေကျပ် ၇၀ ခန့် ပေါက်ဈေးရှိပြီး နန့်ဖါလုံဈေးတွင် မျောက်ငိုသီးအထောင့် ၁၀၀ ပါ တစ်တွဲရူပီး ၅၀၀ မှ ၇၀၀ ထိ ဈေးရှိပါတယ်။ ဒေသခံများက မျောက်ငိုသီးကို ပင်ပြတ် ဝယ်ယူလေ့ရှိပြီး ကလေးမြို့နယ်၊ ခုံသာရွာမှ အပင် ခုနစ်ပင်ရှိ သော ခြံရှင်တစ်ဦးက ၎င်းင်းအနေဖြင့် မျောက်ငိုသီးရောင်းရငွေ ခုနစ်သိန်းရရှိကြောင်း၊ ယခုနှစ်တွင် အသီးထွက်ရှိမှုနည်းခဲ့ကာ အပွင့်ပွင့်စဉ်အချိန်က ကျိုင်းကောင်များ ကျရောက်ခဲ့ကြောင်း သိရပါတယ်။                 
      အောင်မင်း(တန့်ဆည်)