Main menu

Background

ဘိုကလေးမြို့နယ်တွင် အုန်းသီး၊ ကွမ်းသီးဈေးကောင်းရလျက်ရှိနေပြီး ဆက်လက်ဈေးမြင့်တက်နိုင်

Wed, 03/15/2017 - 13:21 -- journal_editor

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မစိမ်းကျေး ရွာနဲ့ တယ်ပင် (၃) ကျေးရွာတို့မှာအုန်းသီး၊ ကွမ်းသီး များ ဈေးကောင်းရလျက်ရှိပြီး  ဈေးဆက်လက် မြင့်တက်လာနိုင်ကြောင်း အုန်းသီး၊ ကွမ်းသီး ရောင်းဝယ်သူ တစ်ဦး က ပြောကြား ခဲ့ပါတယ်။
ယခင်က မစိမ်းကျေးရွာမှာ အုန်းသီးအလုံး လိုက် လုပ်ကိုင်ခြင်းမျိုးမရှိဘဲ အုန်းသားခြောက် လုပ်ငန်းနဲ့ အုန်းမှုတ်ခွက် မီးသွေးလုပ်ငန်းကိုသာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပါတယ်။ ယခု အခါမှာတော့ မစိမ်းကျေးရွာမှာ အုန်းသီး၊ကွမ်းသီး များကို အခွံခွာသူ၊ အိတ်သွပ်သူများအပြင် အုန်းသီးအလုံးလိုက် ရောင်းဝယ်နေသူများကိုပါ နေ့စဉ် မြင်တွေ့နေရပါတယ်။
ယင်းကဲ့သို့ အုန်းသီး၊ ကွမ်းသီးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေခြင်းနှင့် ပတ် သက်ပြီး မစိမ်းကျေးရွာမှ အုန်းသီးလာရောက် ရောင်းချသူ ဦးလှခိုင်က ]]အရင်က မစိမ်းကျေးရွာ မှာ အုန်းသားခြောက်လုပ်ငန်းနဲ့ အုန်းမှုတ်ခွက်မီး သွေးလုပ်ငန်းကို အဓိကထားပြီးလုပ်ခဲ့ကြပါတယ်။ အခုဒီလုပ်ငန်းကို မလုပ်တော့တာ တစ်နှစ်နီးပါး ခန့်ရှိပါပြီ။ အခုအုန်းသီး အလုံးလိုက်ဈေးကောင်းပြီး တွက်ခြေကိုက်လို့ အလုံးလိုက်ပဲ အရောင်းအဝယ် လုပ်ကြတာပါ။ အခုကားလမ်းဘေးမှာ စုပုံရောင်း ချတဲ့ ကျေးရွာတွေကတော့ ကံစု၊ ဟိုင်းစီ၊ တယ် ပင်၊ ဓနှံချောင်း၊ သံလိုက်၊ ဖိုးဒီကွဲ၊ ကွမ်းသီးချောင်း၊ ကျားချောင်း၊ ဆင်ချောင်း၊ ကုလားချောင်း စတဲ့ ကျေးရွာတွေက အုန်းသီးတွေ လာရောက်စုပုံပြီး ရောင်းကြတာပါ}}လို့ ပြောကြားခဲ့ပါတယ်။
တယ်ပင်(၃) ကျေးရွာမှ အုန်းသီး၊ ကွမ်းသီး ရောင်းဝယ်သူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးက ]]ကျွန် တော်ကတော့ အုန်းသီး၊ ကွမ်းသီးအရောင်းအဝယ် လုပ်ပါတယ်။ ကုန်ကြမ်းရဖို့ကတော့ လိုက်ဝယ်ရ တာပေါ့။ ဖျာပုံ၊ ဘိုကလေး ၊ မော်ကျွန်း၊ လပွတ္တာ ကဒုံကနိ စတဲ့မြို့ရွာတွေမှာ လိုက်ဝယ်ရပါတယ်၊ ကားပေါ်တင်ရလွယ်အောင် အခုလိုကားလမ်း ဘေးမှာလာပြီး စုထားကြတာပါ။ တစ်နေ့ကိုကုန် တင်ကားနှစ်စီး လာပါတယ်၊ ရန်ကုန်ဘုရင့်နောင် ပွဲရုံတွေက လာဝယ်ကြသလို အညာဘက်ကလည်း လာဝယ်ကြပါတယ်။ ပွဲရုံတွေကတစ်ဆင့် မန္တလေး ဘက်ကို ဆက်လက်တင်ပို့ကြတယ်။ ကွမ်းသီးက တော့ အိန္ဒိယဘက်ကို ပို့တယ်လို့သိရပါတယ်။ အုန်းသီးတစ်လုံးကို ကားခ ၂၅ ကျပ်၊ ကွမ်းသီး ပီနံအိတ် တစ်တင်းခွဲအိတ်ကို ၂၀၀၀ ကျပ်ပေးရ ပါတယ်။ အုန်းသီးခွာခကတစ်လုံးကို ၁၅ ကျပ်၊ ကွမ်းသီးက နှစ်ကျပ်ပေးရပါတယ်။ ကားတစ်စီးကို အုန်းသီးအလုံးရေ ၅၀၀၀ လောက်ဆံ့ပြီး ကွမ်းသီး အိတ်ကအိတ် ၉၀၊ ၁၀၀ လောက်တင်ပါတယ်။ အုန်းသီးတစ်လုံးဝယ်ဈေးက အလုံးပေါ်ကြည့်ပြီး ကျပ် ၁၅၀-၂၀၀၊ ကွမ်းသီးခြောက် တစ်လုံးကို ၁၄ကျပ်နဲ့ဝယ်ပြီး ပြန်ရောင်းဈေးကတော့ အုန်း သီးအကြီးလုံးကို  ကျပ် ၄၀၀၊ အလတ်သီး  ၃၅၀ ကျပ်၊ အသေးကကျပ် ၂၅၀ ကျပ်ဆိုပြီး အရွယ် အစားခွဲပြီးရောင်းပါတယ်။ ကွမ်းသီးခြောက် တစ် ပိဿာကို အခွံချွတ်ပြီးသား ကျပ် ၄၄၀၀ နဲ့ ပြန် ရောင်းပါတယ်။ ခွာလိုက်တဲ့အုန်းခွံ၊ ကွမ်းသီးခွံ တွေကလည်း ရောင်းရပါတယ်၊ အုန်းခွံတစ်ခွံကို ၁၀ ကျပ်ရပါတယ်။ အခု ဒီဈေးမရတော့ပါဘူး။ သောင်းပြောင်းဈေးကားတစ်စီးကို ပုတ်ပြတ်ဈေး နဲ့ရောင်းပါတယ်။ အုန်းခွံကို ဘယ်နေရာမှာသုံးလဲ ဆိုတော့ ကြိုးကျစ်တဲ့သူတွေ၊ မြောင်းဖို့၊ တာဖို့၊ လမ်းခင်းနဲ့ အခြောက်ခံပြီး ထင်းစိုက်ကြတဲ့သူ တွေ ဝယ်ကြပါတယ်။ လှိုင်သာယာဂိုးလ်ကိတ်မုန့် မျိုးစုံလုပ်ငန်းကို နှစ်ပေါက်စာချုပ်နဲ့နေ့စဉ် အုန်း သီးအလုံး ၅၀၀၀ ပို့ပေးနေရပါတယ်}လို့ ပြော ကြားခဲ့ပါတယ်။
အုန်းသီး ၊ ကွမ်းသီးဈေးကွက်ဟာ တန်ခူးလကုန်အထိဈေးဆက်လက်မြင့်နိုင်ပြီး <ကက်မြီးပါတဲ့ အုန်းသီး (အလုံးလှ) ဈေးအနေဖြင့် ဝယ်ဈေးကျပ် ၅၀၀ကျပ် လက်လီဈေးတစ်လုံးကို ကျပ် ၈၀၀ အထိ အရောင်းအဝယ်ဖြစ်ေ နကြောင်း  သိရပါ တယ်။
မင်းဇော်မွန်(ဖျာပုံ)