Main menu

Background

၂၀၁၇ ခုနှစ်အတွက် အဓိကပင်လယ်စာပို့ကုန် နှစ်မျိုးအဖြစ် ပုစွန်နှင့် ငါးခူအား ဗီယက်နမ်နိုင်ငံသတ်မှတ်

Fri, 03/17/2017 - 13:26 -- journal_editor

ဗီယက်နမ်နိုင်ငံသည် ၂၀၁၇ ခုနှစ် အတွက် အဓိကပင်လယ်စာပို့ကုန် နှစ်မျိုး အဖြစ် ပုဇွန်နှင့် ငါးခူအား သတ်မှတ်ထား ကြောင်း ဗီယက်နမ်နိုင်ငံ၊ လယ်ယာစိုက်ပျိုး ရေးနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၏ ပြောကြား ချက်ကို ဆင်ဟွာသတင်း ဌာန၏ ဖော်ပြချက်အရ သိရှိရသည်။
ဗီယက်နမ်နိုင်ငံသည် မွေးမြူရေး လုပ်ငန်းအား အရှိန်အဟုန်မြင့်မြင့် ကျယ် ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ဦးတည်ချက် ဖြင့် ပုစွန်မွေးမြူထုတ်လုပ်ရန် ဧရိယာ အကျယ်အဝန်းကို ဟက်တာခုနစ်သိန်းမှ ရှစ်သိန်းအထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  ၂၀၁၇ ခုနှစ် ပထမ နှစ်လတွင် ပုစွန်တန်ချိန် လေးသောင်းလေးထောင်ခန့် ထွက်ရှိခဲ့ရာ ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်းခန့် အထွက် နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ငါးခူမွေးမြူထုတ်လုပ်မှုတွင် ဗီယက် နမ်နိုင်ငံသည် အရေအတွက်ရာ အရည် အသွေးကိုပါ အဓိကထားကြောင်း၊ ယခုနှစ် တွင် ငါးခူတင်ပို့မှုဈေးမြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း၊ အမေရိကန်နှင့် အီးယူ ဈေးကွက်များသို့ ငါးခူတင်ပို့မှုမှာ အခက် အခဲနှင့် ကြုံတွေ့နေရသော်လည်း တရုတ် နိုင်ငံမှ ငါးခူဝယ်ယူရန် ကုန်အမှာစာများ ပိုမိုများပြားလာကြောင်း ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန က ပြောကြား ခဲ့သည်။
ဗီယက်နမ်၏ စုစုပေါင်းငါးခူမွေးမြူ ရေး ဧရိယာသည် ဟက်တာ ၂၁၅၀ ကျော် အထိရှိပြီး၊ ၂၀၁၇ ခုနှစ် ပထမ နှစ်လအတွင်း ငါးခူတန်ချိန်စုစုပေါင်း တစ်သိန်းရှစ်သောင်း ထွက်ရှိပြီး ယခင်နှစ်ထက် ၁ ဒသမ ၂ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း ဗီယက်နမ်နိုင်ငံမှ ထုတ်ပြန်သော တရားဝင်စာရင်းဇယားများ အရ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ ဗီယက် နမ်နိုင်ငံသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း ရေထွက်ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၄၄ သန်းဖိုး တင်ပို့ခဲ့ကြောင်း သိရှိရသည်။

စန္ဒာထွန်း (TTI)