Main menu

Background

ဟိုပုံးချင်း ဒေသတွင်း လက်လီရောင်းချမှုသာရှိနေ

Wed, 03/22/2017 - 15:22 -- journal_editor

ဒီနှစ်ကချင်းစိုတွေဈေးမရတဲ့နှစ်ဖြစ်ပါတယ်။ ပုံမှန်စိုက်ဧကရှိပြီး ပုံမှန် အထွက်ရှိနေပေမယ့် အရင်နှစ်တွေထက်စာရင် အစိုအတိုင်းရောင်းချမှု နည်းပါ တယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာချင်းစိုက အဝင်နည်းလာပါတယ်။ တစ် ရက်ကို ပိဿာချိန် ရာဂဏန်းခန့်သာအဝင်ရှိတော့တယ်လို့ သိရပါတယ်။ ချင်း(စို)ကို နှစ်စဉ်ပုံမှန်ဝယ်ယူနေကျ ဖောက်သည်အချို့နဲ့ လက်လီသမားတွေသာ အဝယ် ရှိနေတာကြောင့် ခြံရှင်တွေကလည်းပြုတ်ခြောက်အဖြစ်သာ ပြုလုပ်ကြတော့တယ်လို့ သိရပါတယ်။ တပ်ကုန်းဝယ်လက်တွေကတော့ အဝယ်ရပ်သွားပါတယ်။ ထိုးချင်း တွေ ပြုလုပ်ဖို့အတွက် ရန်ကုန်၊ ပြည်၊ မုံရွာက ဖောက်သည်တွေသာ အဝယ်ရှိတော့ တယ်လို့လည်း သိရပါတယ်။
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းတစ်ပိဿာပေါက်ဈေးက ကျပ်၂၀၀၊ ၃၀၀ရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ကျပ် ၁၀၀၀ မှ ကျပ် ၁၂၀၀ ဈေးရှိပါ တယ်။ ဟိုပုံးဈေးကွက်မှာ ချင်းအရောင်းအဝယ်မရှိသလောက်ဖြစ်နေပြီး ဒေသတွင်း စားသုံးဖို့အတွက် လက်လီရောင်းချမှုသာရှိနေပါတယ်။ ဟိုပုံးချင်းကတော့အထွက် လည်းနည်းပြီး အရောင်းအဝယ်လည်း အေးနေလို့ တောင်သူတွေက ပြုတ်ခြောက် အဖြစ်သာပြုလုပ်ကြတယ်လို့သိရပါတယ်။ ဟိုပုံးချင်းက  ချင်း(စို) ဆိုရင်လက်လီ တစ်ပိဿာ ကျပ် ၅၀၀ မှ ကျပ် ၈၀၀ ရှိပြီး ချင်းခြောက်ကတစ်ပိဿာ ကျပ် ၉၅၀မှ ကျပ် ၁၀၀၀ဈေးရှိတယ်လို့သိရှိရပါတယ်။   

            ဧဧခိုင်၊ တောင်ကြီး