Main menu

Background

ထိုင်းနိုင်ငံသို့ ကော်ဖီစေ့တန် ၂၀ နီးပါးတင်ပို့

Wed, 03/29/2017 - 14:29 -- journal_editor

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ရက်သတ္တ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၉၆၀ တန်ဖိုးရှိ ကော်ဖီစေ့ ၁၇ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ခြောက်တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် တာချီလိတ်မှ ကော်ဖီစေ့ ၁၀ တန်ခွဲ ပိုမိုတင်ပို့ခဲ့တာ တွေ့ရ ပါတယ်။၂၀၁၆ ခုနှစ်အတွင်း အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှထွက်ရှိတဲ့ အထူး တန်းဝင်ကော်ဖီတန်ချိန် ၃၆ တန်ဝယ်ယူခဲ့ပြီး၊ ပြည်ပဈေးကွက်အနေဖြင့် ဂျပန်၊ တရုတ်(တိုင်ပေ)၊ ဥရောပနိုင်ငံများ၊ ဆွစ်ဇာလန်နဲ့ အာရှနိုင်ငံများသို့ တင်ပို့နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။                   
    

   မော်မော်အောင်