Main menu

Background

မူဆယ်မှ ချင်းခြောက်တင်ပို့ပြီး စစ်တွေမှ ချင်းစိုတင်ပို့

Fri, 03/31/2017 - 15:11 -- journal_editor

မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၇၈၇ တန်ဖိုးရှိ ချင်း ခြောက်၁၇တန်ခွဲကို တရုတ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှချင်းစို ခုနစ်တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ကြပါတယ်။
ယခင်ရက်သတ္တပတ်က မူဆယ်မှ  ချင်းခြောက် ၁၈ တန်ကျော် တင်ပို့ခဲ့ပြီး စစ်တွေမှ ချင်းစို နှစ်တန်တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှ ချင်းခြောက် တစ်တန် လျော့နည်းတင်ပို့ပြီး စစ်တွေမှ ချင်းစို ငါးတန်တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ်မှာ ချင်းခြောက်တစ်တန်ကို (ငွေလဲနှုန်းအရ) မိမိဖက်ပေါက်ဈေး ၁၆၉၃၂၀၀ ကျပ်ရှိပြီး စစ်တွေမှာချင်းစို တစ်တန် ၁၀၃၃၂၉၆ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
                                                                        

         မော်မော်အောင်