Main menu

Background

ပြည်ပဈေးကွက်တွင် ဧရာဝတီတိုင်းဒေသကြီးမှ သီဟိုဠ်စေ့များ ယခုနှစ် အမြင့်ဈေးရရှိပြီး တောင်သူများ တွက်ခြေကိုက်

Fri, 05/05/2017 - 14:40 -- journal_editor

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များ တွင် ပြည်ပပို့ကုန်ဖြစ်သော   သီဟိုဠ်စေ့မှာ   ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလကုန်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိ ပြီး  မတ်လပိုင်းဆို လျှင် သီဟိုဠ်လှိုင် လှိုင်ေ ပါ် သည့်အချိန် ဖြစ်ကြောင်း၊ သီဟိုဠ်စေ့မှာ မိုးမရွာခင်အချိန်အထိ ဈေးကွက် မှာ အရောင်းအဝယ်ဖြစ်၍   မေ၊ ဇွန် လများတွင် မိုးဖြိုင်ဖြိုင်  ရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိလျှင် ရေဝင်ကာ   အသီးမှာ မည်းသွား၍ ဈေးကွက် တွင်   အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီပြီးဆုံးသွားကြောင်း ဈေးကွက်မှသိရပါသည်။တိုင်းအတွင်း   သီဟိုဠ်စိုက်ဧက ၆၅၉၃၃ ခန့်နှင့် မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်နှင့် လပွတ္တာ အပါအဝင် ပုသိမ် ခရိုင် အတွင်း ပုသိမ်မြို့ နယ်၊  သာပေါင်းမြို့နယ် ၊ ငပုတော  မြို့နယ်အတွင်းရှိ   ပင်လယ်ကမ်းခြေဒေသ  ကျေးရွာများ အပြင် ချောင်းသာ ၊ ငွေဆောင်ဒေသများတွင်လည်း စိုက်ပျိုး လျက်ရှိကြောင်း၊ ပုသိမ်မြို့ပေါ်တွင်   သီဟိုဠ်စေ့ ကုန်ကြမ်း  ဝယ်ယူ သည့် ဒိုင်ခြောက်ဒိုင်၊ ခုနစ်ဒိုင်ခန့်ရှိ၍ ဝယ်ယူရရှိသော သီဟိုဠ်စေ့ကုန်ကြမ်းများကို   ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ပြီး ရန်ကုန်သီဟိုဠ် ခွဲစက်များ၌ ကုန်ချောများ ပြုလုပ်  ကာ ပြည်ပနိုင်ငံ များသို့   တင်ပို့ရောင်းချလျက် ရှိကြောင်း အဝယ်ဒိုင်များမှ သိရပါသည်။
ပုသိမ်မြို့ပေါ်နှင့် သာပေါင်းမြို့နယ်တွင်  သီဟိုဠ်ကုန် ချောများ   ထုတ်လုပ်သည့်ခွဲစက်များရှိပြီး ကုန်ကြမ်းများ ဝယ်ယူ၍နှစ်ပတ်လည် သိုလှောင်ကာ ကုန်ချောပြုလုပ်ပြီး လစဉ်  မူဆယ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ ယခင်နှစ်   သီဟိုဠ်စေ့ပေါ်စက တစ်ပိဿာ လျှင် ကျပ် ၁၅၀၀ နှင့် ဈေးကွက်သို့ ဝင်ရောက်ပြီး အပိတ်ဈေး မှာ  အမြင့်ဆုံးကျပ် ၂၇၀၀ ဖြစ်သွားသော်လည်း   ယခုနှစ် သီဟိုဠ်ပေါ်ချိန်တွင်   တစ်ပိဿာလျှင် ကျပ် ၄၀၀၀ -၄၂၀၀ နှင့် ဈေးကွက်သို့ ဝင်ရောက်၍ ယခင်နှစ်ထက် တောင်သူများ  အမြင့်ဈေးရရှိပြီး တွက်ခြေကိုက်ကြောင်း၊ မတ်လ  သီဟိုဠ်လှိုင် ချိန်မှာလည်း ဈေးကောင်းရရှိပြီး ဧပြီလ ဒုတိယပတ် သြင်္ကန် အချိန်ရွာသော မိုးကြောင့် သီဟိုဠ်ဈေးမှာ  ယခုလက်ရှိအချိန် ပေါ်စကလို ဈေးနှုန်းမရသော်လည်း သီဟိုဠ်အရည်အသွေး ပေါ်မူ တည်၍ ကျပ် ၂၀၀၀-၂၁၀၀၊ ကျပ် ၂၆၀၀-၂၇၀၀ ခန့်၊ ကျပ် ၂၈၀၀-၃၀၀၀  ဝန်းကျင်ဈေးနှင့်    ရောင်းဝယ်လျက် ရှိ ကြောင်း၊ အချို့မြို့နယ်များတွင် ဈေးကွက်ပေါ်မူတည်၍လည်း ဈေးနှုန်းကွာခြားမှုရှိနိုင်ကြောင်း   သီဟိုဠ်အဝယ်ဒိုင်များမှ သိရပါသည်။

မင်းမင်းဦး(ပုသိမ်)