မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၆၄၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၁၆၃၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၂၇၁၁၀ တန်၊ လွယ်ဂျယ်မှ ၄၀၈၃ တန်၊ ချင်းရွှေဟော်မှ ၃၄၆ တန်ကျော်နဲ့ ကန်ပိုက်တီမှ တန် ၁၀၀ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် မှ ပြောင်း ၈၄၆၈ တန်ကျော် သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၃၁၇၁ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဧပြီ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း ပြောင်းတစ်တန်ဈေး ၂၂၃၀၇၇ ကျပ်ရှိရာမှ ဧပြီ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ်မှာ ၂၃၉၃၈၂ ကျပ်သို့ ဈေးအနည်း ငယ်မြင့်တက်ခဲ့ကြောင်း၊ မူဆယ်မှာ ပြောင်းတစ် ပိဿာသယ်ယူခကျပ် ၇၀ ရှိပြီး၊ ပြောင်းကားစီးရေ ၉၅၇ စီး ဝင်ရောက်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံ ဝယ် ဈေးမှာ တစ်တန်ကို ယွမ် ၁၂၈၀ ရှိကြောင်း သိရပါ တယ်။
ဧပြီတစ်လလုံးတရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ကိုးသောင်းခန့်၊ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ပြောင်းတန် ၂၀၀ နဲ့ တမူးကုန် သွယ်ရေးစခန်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ ၁၂ တန် ခွဲ တင်ပို့ခဲ့တယ်လို့ စခန်းများရဲ့စာရင်းများအရ သတင်းရရှိပါတယ်။
မော်မော်အောင်