Main menu

Background

စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်း ပြန်လည်တင်ပို့

Thu, 05/11/2017 - 14:27 -- journal_editor

        စစ်တွေကုန်သွယ်ရေးစခန်းမှ ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၉ သန်းတန်ဖိုးရှိ ရေချို ငါးမြစ်ချင်းတန် ၇၀ ကို တင်ပို့ခဲ့ပါတယ်။ ရေချိုငါးမြစ်ချင်းကို ဧပြီလဆန်း ပိုင်းမှစပြီး တင်ပို့နိုင် ခြင်းမရှိဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။ရေချိုငါးမြစ်ချင်းအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်း တန်ဖိုးရှိ ကုလားပဲ၊ ဆီးသီးခြောက်၊ မန်ကျည်းစေ့၊ သစ်ခေါက်၊ ဆီးယိုထုတ်တို့ကို တန် ၁၁၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှလည်း ရေထွက် ကုန်များဖြစ်တဲ့ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးသလောက်၊ ငါးစုံလေး ခြောက်တို့ကို ၁၁၈ တန် တင်ပို့နိုင်တယ်လို့ သတင်းရရှိပါတယ်။       
ခင်မိုးသူ