Main menu

Background

မူဆယ်မှ ရေထွက်ကုန် ပိုမိုတင်ပို့

Thu, 05/11/2017 - 15:21 -- journal_editor

      မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ ရက် အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၇၀၇ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အမေရိကန် ဒေါ်လာ သုညဒသမ ၉၁၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၄၃၀ ကျော်  တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ သုညဒသမ ၆၉၆သန်း၊ တန်ချိန်အားဖြင့် ၁၂၇၇ တန် ပိုမို တင်ပို့ခဲ့ပါတယ်။
ယခုတစ်ပတ်တွင် ငါးလေး ခြောက်၊ ကင်းမွန်ခြောက်၊ ငါးစီ ဖောင်းနဲ့ ငါးမျိုးစုံ ပိုမိုတင်ပို့ခဲ့တာ ကြောင့် ရေထွက်ကုန် ပိုမိုတင်ပို့ရတာ ဖြစ်ကြောင်း၊ တစ်ဖက် တရုတ်နိုင်ငံမှာ ငါးရှဉ့်တစ်တန်ကို ယွမ် ၃၁၀၀၀ နဲ့ ကဏန်းတစ်တန်ကို ယွမ် ၅၃၉၃၄ ဈေးရှိကြောင်း၊ မူဆယ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရေထွက် ကုန်ပစ္စည်း တန်ချိန် ၆၀၀၀ ကျော်ကို ဧပြီလတွင် တင်ပို့ခဲ့ကြောင်း မူဆယ်ရေထွက် ကုန်စည်ဒိုင်မှ သိရပါတယ်။
မော်မော်အောင်