Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဧပြီကုန်သွယ်မှုကာလတူထက်ပိုမို

Tue, 05/16/2017 - 14:53 -- journal_editor

   မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ဧပြီလ အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၆ သန်း၊ သွင်းကုန် အမေရိ ကန်ဒေါ်လာ ၃၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဧပြီလုပ်ငန်းဆောင်ရွက်မှုကို ကာလတူဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ဆောင်ရွက်နိုင်မှုနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၁ သန်းနဲ့ သွင်းကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၀ သန်းပိုမို ခဲ့သဖြင့် ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၈၁ သန်းပိုမိုခဲ့တယ်လို့ မြဝတီ ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။
ကာလတူထက်ပိုမိုရခြင်းမှာ ပို့ ကုန်ပိုင်းတွင် လယ်ယာထွက်ကုန်ပစ္စည်း အုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ သစ်တော ထွက်ပစ္စည်းအုပ်စု၊ တိရစ္ဆာန်ထွက် ပစ္စည်းအုပ်စု၊ သတ္တုတွင်းထွက် ပစ္စည်း အုပ်စုနဲ့ အခြားပစ္စည်းအုပ်စုတို့တွင် ပိုမို တင်ပို့နိုင်ခဲ့ခြင်းကြောင့်ဖြစ်သလို သွင်း ကုန်ပိုင်းတွင်လည်း လူသုံးကုန်ပစ္စည်း အုပ်စုမှ ဘက်ထရီခြောက်များ၊ လျှပ်စစ် မီးသီးနဲ့ မီးချောင်းများ၊ နို့ဆီနို့စိမ်း၊ ဆပ်ပြာ၊ အချိုမှုန့်၊ နို့မှုန့်၊ သွားတိုက် ဆေးနဲ့ ပရိဘောဂများ ပိုမိုတင်သွင်းနိုင် ခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်တွင် ဧပြီလ အတွင်း အများဆုံးတင်ပို့ခဲ့တဲ့ ပို့ကုန် ပစ္စည်းများကတော့ မြေပဲဆန်၊ မန်ကျည်း သီး(အစေ့ပါ)၊ ငါးမျိုးစုံ၊ မန်ကျည်းသီး (အစေ့မပါ)၊ ပဲတီစိမ်း၊ သီဟိုဠ်စေ့၊ ကဏန်း၊ နနွင်းတက်၊ ငရုတ်သီးခြောက်၊ ကြက် သွန်နီတို့ဖြစ်ပြီး အများဆုံးတင်သွင်း ခဲ့တဲ့ သွင်းကုန်ပစ္စည်းများမှာ မော်တော် ဆိုင်ကယ်၊ အချိုရည်၊ သကြား၊ လယ်ထွန် စက်၊ ဂက်စ်၊ ဓာတ်မြေသြဇာ၊AN ၊ BUS ၊ TRUCK  ၊ MINI TRUCK ၊ LIGHT  TRUCK တို့ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။         
   ခင်မိုးသူ