Main menu

Background

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှုကျဆင်း

Tue, 07/04/2017 - 12:08 -- journal_editor

       မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇွန် ၁၇ ရက်မှ ၂၃ အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  သုညဒသမ ၄၃၁ သန်း တန်ဖိုးရှိ ကွမ်းသီး ၅၂၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၇၀ တင်ပို့ခဲ့တဲ့အတွက်  ယခု တစ်ပတ်မှာ ၃၄၂ တန် လျော့နည်းတင်ပို့ခဲ့တယ် လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးပိုမို တင်ပို့ခဲ့ပေမယ့် ရိဒ်ကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုကဲ့သို့ လျော့နည်းရခြင်းဖြစ်တယ်လို့ သိရ ပါတယ်။
တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၄၉၇ တန်နဲ့ တမူးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်း တန်ဖိုးရှိ ကွမ်းသီး ၃၁ တန်ကို တင်ပို့ခဲ့တယ်လို့သိရပါတယ်။
တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၃၃၈ သန်းတန်ဖိုးရှိ စီးကရက်၊ ပဲပုပ်စေ့နဲ့ နန့်ဖာလုံအမယ်စုံတို့ကို ၅၁ တန်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာသုညဒသမ ၀၉၉ သန်း တန်ဖိုးရှိ ငရုတ်ကောင်း၊ သီဟိုဠ်စေ့၊ မုန့်မျိုးစုံ၊ စောင်၊ မစီးဖိနပ်၊ မဝတ်တီရှပ် တို့ကို ၉၉ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။                      

 

ခင်မိုးသူ