Main menu

Background

မူဆယ်ရော မြဝတီမှပါ လက်ဖက်ခြောက်တင်ပို့

Wed, 07/12/2017 - 13:12 -- journal_editor

        ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၆၉၉၅ တန်ဖိုးရှိ လက် ဖက်ခြောက် ၅၄ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၅၁တန်နဲ့ နှိုင်းယှဉ်ပါက ၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ  တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၃၇၈၁ တန်ဖိုးရှိ လက်ဖက်ခြောက် ၁၀ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တာချီလိတ်မှ လက်ဖက်ခြောက် တင်ပို့မှု မရှိခဲ့ပါဘူး။ဇွန်လအတွင်း မူဆယ်မှ လက်ဖက်ခြောက်တန် နှစ်ရာကျော်၊ ချင်းရွှေဟော်မှ ၃၂ တန်ကို တရုတ်နိုင်ငံသို့လည်းကောင်း၊ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တန် ၉၀ ကျော်ကိုလည်းကောင်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း  ကျိုင်းတုံမြို့အနီးဝန်းကျင်နဲ့ တာချီလိတ်မြို့ရဲ့ တောင်တန်း၊ တောင်ကြောတွေပေါ်မှာ လက်ဖက်ကို စိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိတဲ့ လက်ဖက်(အခါးခြောက်) ကို ဂျာမနီ နိုင်ငံသို့ တင်ပို့နေရကြောင်း သိရပါတယ်။                                                                           
 မော်မော်အောင်