Main menu

Background

တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် နှစ်သောင်းနီးပါးတင်ပို့

Wed, 07/12/2017 - 13:14 -- journal_editor

       မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းသုံးခုမှ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်အထိ   သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၄၅ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန်  ၁၉၄၂၈ တန်ကျော်ကို  တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ  ၁၃၈၅၀တန်၊  လွယ်ဂျယ်မှ  ၅၀၂၆ တန်နဲ့ ချင်းရွှေဟော်မှ ၅၅၂ တန်ကျော် ဖြစ်ပါတယ်။ ယခင် တစ်ပတ်က အဆိုပါ စခန်းများမှ ပြောင်းတန်ချိန် ၁၇၈၂၅ တန်ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၆၀၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဇွန်လ တစ်လ လုံး တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် ၅၅၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တာချီလိတ် ကုန်သွယ်ရေးစခန်းမှလည်း ပြောင်း တန် တစ်ရာကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ စခန်းများမှ ပေးပို့တဲ့ စာရင်းများအရ သိရ ပါတယ်။
မူဆယ်ကုန်စည်ဒိုင်မှာ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း ပြောင်း တစ်တန်ကို ၂၅၈၈၂၄ ကျပ်ရှိပြီး ပြောင်းတစ်ပိဿာ သယ်ယူခမှာ ၅၆-၆၄ ကျပ်ရှိကြောင်း၊ မူဆယ်သို့ ပြောင်းကားစီးရေ ၆၁၆ စီး ဝင်ရောက်ခဲ့ကြောင်း၊ တစ် ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ်  ၁၄၄၀ ရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိ ပါတယ်။                                        

   မော်မော်အောင်