Main menu

Background

ပြည် မန်ကျည်းမှည့် နယ်ဝယ်လက်ရှိပြီး ဈေးကွက်ဝင်ရောက်မှုများလာ

Fri, 07/28/2017 - 10:47 -- journal_editor

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေချိုငါးမြစ်ချင်းပိုမိုတင်ပို့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၈ ရက်မှ ၁၄ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၉၉ သန်း တန်ဖိုးရှိ ရေချို ငါးမြစ်ချင်း ၉၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် ၇၈ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။
တင်ပို့မှုကို ကြည့်ပါက စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၇၇ သန်း တန်ဖိုးရှိ ရေချိုငါးမြစ်ချင်း ၈၅ တန်နဲ့ မောင်တောကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၁ သန်း တန်ဖိုးရှိ ရေချိုငါးမြစ်ချင်း ၁၀ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
မောင်တောကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်း အပြင် အခြားရေထွက်ကုန်များဖြစ်တဲ့ အာဗြဲခြောက်၊ ရေ ငန်ပုစွန်၊ ငါးခေါင်းပွ၊ ငါးကုန်းညိုခြောက်၊ ငါးစုံလေးခြောက်၊ ငါးနီတူခြောက်တို့ကို တန်၆၀ ကျော် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။                                                                                                                                      ခင်မိုးသူ

     ပြည် မန်ကျည်းမှည့်(ပွဲရုံ)များသို့ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ ထုံးဘို၊ ပန်းတောင်းတို့မှ ယခင်ရက်သတ္တပတ်များက ထက် မန်ကျည်းမှည့် ပိဿာချိန်  ပိုမိုဝင်ရောက်လာပါတယ်။ ရန်ကုန်နဲ့ ရခိုင်ဝယ်လက်များထံသို့လည်း ပုံမှန် တင်ပို့နေရ သလို မန်ကျည်းမှည့်ဈေးကလည်း ဈေးငြိမ်လျက်ရှိနေပါတယ်။
ယခုတစ်ပတ် မန်ကျည်းမှည့်  တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၃၂၀၀ ရှိပြီး ဒေသတွင်း မန်ကျည်းမှည့်ဈေး ကျပ် ၃၆၀၀ အထိ ကျဆင်းလာတာ တွေ့ရပါတယ်။ ဈေးကွက်အတွင်း ပွဲရုံ များသို့ အစေ့အနည်းငယ်ပါ မန်ကျည်းမှည့်လည်း ဝင်ရောက် လာတာတွေ့ရပြီး ဈေးနှုန်း အနည်းငယ် ကျဆင်းလာတာလည်း တွေ့ရပါတယ်။ ဒေသတွင်း ဈေးများတွင် လက်လီ တစ်ပိဿာ ဈေး (အစေ့ပါ) ကျပ် ၃၀၀၀ နဲ့  အရောင်းအဝယ်ဖြစ်နေတာ တွေ့ရပါတယ်။ ပွဲရုံဈေးကတော့ (အစေ့ပါ) ကျပ် ၂၇၀၀ သာ ရှိပြီး ယခုတစ်ပတ်မှ ဝင်ရောက်နေတာ ဖြစ်ပါတယ်။
မန်ကျည်းသီးစိမ်းများလည်း  ဈေးကွက်သို့ ဝင်ရောက် နေပြီး လက္ကား တစ်ပိဿာကျပ် ၄၀၀၀ နှင့် လက်လီဈေးကျပ် ၆၀၀၀ တို့ဖြင့် ရောင်းချလျက်ရှိပါတယ်။ မန်ကျည်းသီးစိမ်း ပေါ်စဖြစ်လို့ စားသုံးသူများမှ ဝယ်ယူမှုရှိတာကြောင့် အရောင်း အဝယ်ကောင်းနေကြောင်း တွေ့ရပါတယ်။
            နီနီဝင်း