Main menu

Background

မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကော်ဖီစေ့တင်ပို့

Mon, 07/31/2017 - 15:27 -- journal_editor

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ် ဆင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ  ၇၉၂၉၀ တန်ဖိုးရှိ ကော်ဖီစေ့ တန် ၉၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဇွန်လနောက်ဆုံးပတ်က ၂၉ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးနိုင်မယ့်  ကုန်းမြင့်  မြေလွတ်မြေရိုင်း များစွာရှိပြီး နိုင်ငံအတွင်း ကော်ဖီစိုက်ပျိုး  ထုတ်လုပ်သူများက နည်းပညာနဲ့ ဈေးကွက်များ ရှာဖွေနေကြကြောင်း၊ အထူးသဖြင့် အော်ဂဲနစ်အမျိုးအစား ကော်ဖီတွေကိုရွေးပြီး စိုက်ပျိုးကြကြောင်း၊ ရှမ်းပြည်နယ် ရွာငံမြို့နယ်၌ ၇၈  ဧကပေါ်တွင်  အော်ဂဲနစ်ကော်ဖီကို    စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း ရွာငံမြို့မှ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ တစ်ဦးထံမှ သိရပါတယ်။
မော်မော်အောင်