Main menu

Background

မူဆယ်မှ ဝါဂွမ်းရော ပိုးအိမ်ပါ တင်ပို့

Mon, 07/31/2017 - 15:28 -- journal_editor

     မြန်မာ-တရုတ်       နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်  ဇူလိုင် ၁၅ ရက်မှ ၂၁ ရက် အထိ  သီတင်းပတ်အတွင်း တရုတ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၈၄၀၀ တန်ဖိုးရှိ ဝါဂွမ်း ၇၂ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၅၀ နဲ့ နှိုင်းယှဉ်ပါက ၂၂ တန် ပိုမိုတင်ပို့ခဲ့ ပါတယ်။ ဝါဂွမ်းအပြင် အမေရိကန် ဒေါ်လာ ၂၈၀၀၀ တန်ဖိုးရှိ  ပိုးအိမ် ၈ တန်ကိုလည်း တင်ပို့ခဲ့တာ တွေ့ရပါ တယ်။
ဝါတင်ပို့ခွင့်ကို   နှစ် ၂၀ ကျော် ကြာ  ရပ်ဆိုင်းထားပြီး ၂၀၁၄ ခုနှစ် မတ် ၃ ရက်မှ ပြန်လည်တင်ပို့ခွင့်ပြု ခဲ့ ကြောင်း၊ ယခင်က ပြည်ပတင်ပို့ခွင့် မရှိလို့  ဝါစိုက်တောင်သူတွေ  နှစ်စဉ် အရှုံးပေါ်နေကြောင်း၊   တရုတ်က ဝယ်လို့ တောင်သူတွေ အခြေအနေ ကောင်းလာကြောင်း၊ဝါပင်ကို မြန်မာ နိုင်ငံအလယ်ပိုင်းဒေသတွေမှာ အဓိက စိုက်ပျိုးကြကြောင်း  တံတားဦးမြို့ရှိ ဝါစိုက်တောင်သူတစ်ဦးထံမှ   သိရပါ တယ်။         
              မော်မော်အောင်