Main menu

Background

အိန္ဒိယမှ ကွမ်းသီးများ ပိုမိုတင်ပို့

Tue, 09/05/2017 - 14:27 -- journal_editor

         မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ၅၂၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၀၄ တန်ကို  တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၈၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်၂၂၀ ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးနယ်စပ်ရော ရိဒ် နယ်စပ်ပါ ကွမ်းသီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်ပါတယ်။
တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၉၈ တန်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၆ သန်း တန်ဖိုးရှိ ကွမ်းသီး ၁၀၆ တန်ကို တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၃၆၄ သန်း တန်ဖိုးရှိ နန့်ဖာလုံအမယ်စုံ ၊ စီးကရက်၊ ငရုတ်ကောင်း တို့ကို ၅၉ တန်နဲ့ ရိဒ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၄၈ သန်းတန်ဖိုးရှိ ငရုတ်ကောင်း ၊ မဝတ်တီရှပ်၊ မစီးဖိနပ်တို့ကို ၉၅ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
 ခင်မိုးသူ