Main menu

Background

ပြည်ပဲကြီး ဈေးတရိပ်ရိပ် တက်လာသလို မျိုးပဲလည်း ဈေးအမြင့်ဆုံးရခဲ့

Wed, 09/13/2017 - 12:10 -- journal_editor

     စက်တင်ဘာလအတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေတဲ့ ပဲသီးနှံကတော့ ပဲကြီးသီးနှံဖြစ်ပါတယ်။ ပန်းတောင်း၊ ကံမဘက်မှအဝင်ရှိပြီး အိတ် ၁၀၀-၁၅၀ကျော် ဝင်ရောက်ခဲ့သလို ပြည်-အောင်လံကြား မြို့နယ် များ မှလည်း နေ့စဉ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ဝယ်လက်သမားများမှာ ပဲကြော်ဖိုလုပ်ငန်းသမားများက အဓိက ထားဝယ်ယူသလို မျိုးသမားအချို့လည်း ဝယ်ယူနေတာကို တွေ့ရပါတယ်။ဒါကြောင့် ပဲကြီးသီးနှံဈေးဟာ တရိပ် ရိပ်တက်လာနေပြီး  မျိုးပဲ ဈေးတစ်တင်း ကျပ် ၆၀၀၀၀ ထိအရောင်းအဝယ်ဖြစ်ကာ ပဲကြော်ဖိုသမားများနဲ့ လက်လီ လက်ကား အရောင်းအဝယ် ဖြစ်တဲ့ ဈေးက ရွှေကျွန်း တစ်တင်းကျပ် ၅၃၀၀၀၊ ကမ်းနား တစ်တင်းကျပ်၄၈၀၀၀ဖြင့် အိတ်၁၅၀ကျော်၂၀၀အထိ နေ့စဉ် အရောင်း အဝယ်ဖြစ်နေကြောင်းသိရပါတယ်။                                                                                           

ခင်ဆွေဝင်း