Main menu

Background

ထိုင်းနိုင်ငံသို့ ကော်ဖီစေ့ ၁၀ တန်တင်ပို့

Mon, 09/25/2017 - 14:27 -- journal_editor

      မြန်မာနိုင်ငံတွင် စက်မှုသီးနှံဖြစ်တဲ့ ကော်ဖီကို အဓိကသီးနှံအနေနဲ့ စိုက်ပျိုးခြင်းမရှိသေးသော်လည်း နိုင်ငံတကာကော်ဖီပြပွဲများတွင် အထူး တန်းဝင်တဲ့ မြန်မာ့ကော်ဖီကို ထုတ်လုပ်မှုအရည်အသွေး  မြှင့်တင်ပြီး  ဝင်ရောက်ပြသ ခဲ့ သည့်နောက်ပိုင်း နိုင်ငံခြားဈေးကွက်မှ မြန်မာ့ကော်ဖီကို ဝယ်ယူရန် စိတ်ဝင်စားမှုမြင့်တက်လာခဲ့ကြောင်း၊ အာရေဗီးကားနဲ့ ရိုဘတ် စတာ ကော်ဖီအမျိုးအစားများကို အဓိကစိုက်ပျိုးကြကြောင်း၊ ရွာငံဒေသ ထွက်ကော်ဖီကို အမေရိကန်ပြည်ထောင်စုသို့ ပို့ဆောင်ရန် နိုင်ငံတကာစံနှုန်း များအတိုင်း မြည်းစမ်းလေ့လာမှုပြုလုပ်ခဲ့ရာ အရည်အသွေး၊ အရောင်၊ အနံ့၊ အရသာအပေါ်မူတည်ပြီး အထူးတန်းဝင်ကော်ဖီအဖြစ်  သတ်မှတ်ခံခဲ့ရ ကြောင်း ရွာငံမြို့နယ်ကော်ဖီအသင်းမှ သိရပါတယ်။မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၃၇၀၀ တန်ဖိုးရှိ ကော်ဖီစေ့ ၁၀ တန်ကို စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ သီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်း ချခဲ့ကြောင်း သတင်းရရှိပါ တယ်။                                    
      မော်မော်အောင်