Main menu

Background

တရုတ်နိုင်ငံသို့ သကြားပိုမိုတင်ပို့သလို ထိုင်းနိုင်ငံမှ ပိုမို တင်သွင်း

Mon, 09/25/2017 - 14:28 -- journal_editor

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီနယ် စပ်စခန်း သုံးခုမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၆၇ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၂၃၄၈၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၇၀၉၂ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၆၃၉၇ တန်ပိုမိုခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ  မူဆယ်မှ ၂၀၁၆၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၂၁၃ တန်နဲ့ ကန်ပိုက်တီမှ တန် ၁၁၀ ဖြစ်ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခုသီတင်းပတ်အတွင်း သကြားတစ် တန်လျှင် ကျပ် ၇၃၄၄၀၀ ဈေးရှိပြီး တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၃၆၀၀ ရှိတယ် လို့ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၀၉ သန်းတန်ဖိုးရှိ  ျွန-နထစသမအ သကြားတန် ၃၄၇၀ ကို ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ရာ ယခင်တစ်ပတ်က တင်သွင်းခဲ့တဲ့ ၁၁၂၈ တန်နဲ့ နှိုင်းယှဉ်ပါက ၂၃၄၂ တန်ပိုမိုတင်သွင်းခဲ့ကြောင်း ကုန်သွယ်ရေးစခန်းစာရင်း များအရ သိရပါတယ်။                                                      

မော်မော်အောင်