Main menu

Background

ကုန်သွယ်ရေးစခန်းများမှ ရော်ဘာပိုမိုတင်ပို့

Tue, 10/24/2017 - 18:08 -- journal_editor

       အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ တာချီ လိတ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၃၂ သန်းတန်ဖိုးရှိ ရော်ဘာ ၇၁၆ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မRSS 3  အမျိုးအစား ၂၄၃ တန်ကျော်၊RSS 5အမျိုးအစား ၃၃၆ တန်ခန့်နဲ့ MSR 20အမျိုးအစား ၆၉ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမRSS 3  အမျိုးအစားရှစ်တန်နဲ့ Crepe Rubber ၁၀ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေးတန်ချိန် ၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းများမှ ရော်ဘာ ၄၆၁ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေးမှာRSS 3  အမျိုး  အစားတစ်တန်လျှင် ကျပ် ၂၀ ဒသမ ၂၄၅ သိန်းရှိပြီး ယခင်တစ်ပတ်ထက်တစ်တန်ကိုကျပ် ၂၈၆၃၀ ဈေးတက်ကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ယခုတစ်ပတ်မှာ ရော်ဘာတင်ပို့မှုမရှိဘဲ စက်တင် ဘာလတစ်လလုံးမှာတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၇၇ တန်ကျော်တင်ပို့ခဲ့ပါ တယ်။ ယခုတစ်ပတ်  နိုင်ငံတကာရော်ဘာဈေးမှာRSS  ရောMSRအမျိုးအစားနှစ်ခုစလုံး ဈေးအတက်အကျအနည်းငယ်သာ  ရှိတဲ့အတွက် မြန်မာ့ရော်ဘာRSS ဈေးကိုလည်း ယခင်တစ်ပတ်အတိုင်း မပြောင်းလဲဘဲ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်းက ဈေးနှုန်းထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။                                      
   ယဉ်ယဉ်အေး