Main menu

Background

ပြည်တွင်းသို့ ဆိုင်ကယ်မျိုးစုံ တစ်သောင်းကျော်တင်သွင်း

Tue, 10/31/2017 - 17:56 -- journal_editor

        ကုန်သွယ်ရေးဇုန်များနဲ့ ကုန်သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၇၈ သန်း တန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံကို ၁၀၅၈၉ စီး တင်သွင်းခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၆၀၀ စီးသာ တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၉၈၉ စီး ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆိုင်ကယ် အများအပြား တင် သွင်းခဲ့တာကြောင့် ယခုလိုပိုမိုရခြင်း ဖြစ်ပါတယ်။
         တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၂၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၉၂၇၉ စီး၊ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၃၄ သန်းတန်ဖိုးရှိ ဆိုင် ကယ် ၁၂၀ စီး၊ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၁၂ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၁၇၀ စီး၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ ဆိုင်ကယ်အစီး ၂၀ တို့ကို တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ