Main menu

Background

တရုတ်နိုင်ငံသို့ သကြားပိုမိုတင်ပို့

Thu, 11/16/2017 - 15:44 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၆၈ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၁၂၈၇၄ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ် ပတ်ကတင်ပို့ခဲ့တဲ့ ၉၆၄၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၂၃၃ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ သကြားတစ်တန်ကို ကျပ် ၇၅၉၂၂၀ ဈေးရှိပြီး တစ်ဖက်နိုင်ငံ ဝယ်ဈေးကတော့ယွမ် ၃၇၄၀ ရှိတယ် လို့ သိရပါတယ်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၄၇ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၂၉၉၄ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။         
  မော်မော်အောင်