မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ သစ်သီး များကို ပြည်ပသို့ရေကြောင်း ကုန်သွယ် မှုရော နယ်စပ်ကုန်သွယ်မှုနဲ့ပါ တင်ပို့ လျက်ရှိပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၇ သန်း တန်ဖိုးရှိ ဖရဲသီး တန် ၁၁၃၀၀ ကိုတင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင် ပို့ခဲ့တဲ့ ၈၅၁၂ တန်နဲ့ နှိုင်းယှဉ်ပါက ၂၇၈၈ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။တရုတ်နိုင်ငံမှ ဖရဲသီးဝယ်ယူ ရာ တွင် တစ်လုံးကို အလေးချိန်ရှစ်ပိဿာမှ ၁၀ ပိဿာ ဝန်းကျင်ရှိတဲ့ အလုံးတွေကို သာ အဓိကဝယ်ယူကြောင်း၊ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်ကို ဖရဲကား အစီးရေ ၁၂၀ ခန့် ပုံမှန်ဝင်ရောက်မှုရှိ ကြောင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည် နယ်မှလွဲပြီး ဖရဲ၊ သခွားကို နိုင်ငံတစ်ဝန်း စိုက်ပျိုးကြပြီး စစ်ကိုင်း၊ မန္တလေးနဲ့ပဲခူးတိုင်းဒေသကြီးတို့တွင် စိုက်ဧက အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအစုအဖွဲ့ မှ သိရပါတယ်။
မော်မော်အောင်
Background