Main menu

Background

ပျားရည်တင်ပို့မှု အနည်းငယ်လျော့ကျ

Thu, 11/16/2017 - 15:53 -- journal_editor

အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်  အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၅၉၅၀ တန်ဖိုးရှိ ပျားရည် ၁၀၈ တန်ခွဲကို တရုတ် နိုင်ငံသို့တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၂၃ တန်နဲ့ နှိုင်းယှဉ်ပါက ၁၄ တန်ခွဲ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ပျားသတ္တဝါတွေရဲ့  အဓိကအစာတွေကတော့   နှမ်း၊   ရော်ဘာ၊ ဒူးရင်း၊ ကျွဲကော၊ လိုင်ချီး၊ ပြောင်းနဲ့ပဲအမျိုးမျိုးဖြစ်ပြီး သာမန်ပျားအစာတွေ မှာ သခွား၊ ဖရုံ၊ လဲမှို့၊ ရှောက်၊ သံပုရာ၊ လက်ပံ၊ အင်ကြင်း၊ သရက်၊ ကြက်မောက်၊ ကံ့ကော်၊ ဇီး၊ အုန်း၊ ကွမ်း၊ ယူကလစ်နဲ့ ထိကရုံးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးလုပန်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့တွင် အများဆုံးလုပ်ကိုင်လျက်ရှိပါတယ်။                   
မော်မော်အောင်