Main menu

Background

ရှမ်းကြက်သွန်ဖြူ

Wed, 12/20/2017 - 10:51 -- journal_editor

         ရှမ်းပြည်နယ်တောင်ပိုင်းရဲ့အဓိက ထွက်ကုန်တစ်မျိုးဖြစ်တဲ့ ရှမ်းကြက်သွန်ဖြူ ကတော့ အောက်တိုဘာ၊ နိုဝင်ဘာလမှာ ပြန်ပြီးစိုက်ပျိုးပြီးစီးသွားပါပြီ။ ဈေးနှုန်းက အကျဘက်များနေပေမယ့် စိုက်ဧကတော့လျော့မသွားပါ ဘူး။ ပုံမှန်စိုက်ဧကအတိုင်း စိုက်ပျိုးကြတယ်လို့လည်း သိရပါတယ်။ ဧပြီ၊ မေလကပေါ်ခဲ့တဲ့ ကြက်သွန်ဖြူတွေကတော့ ပေါ်ကာစမှာ အရောင်းသွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ဝယ်လိုအားနည်းလာပါတယ်။ လဲချား ကြက်သွန်ဖြူတွေအရောင်းသွက်ခဲ့ပြီး လက်ကျန်မရှိတော့ဘူးလို့သိရပါတယ်။ ဒေသတွင်းအသုံးသာရှိပြီး ပြည်တွင်းသုံးအနေနဲ့ မိတ္ထီလာ၊ မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်က အဝယ်ရှိနေပေမယ့် မိတ္ထီလာဝယ်လက်တွေကတော့ အောက် စတွေကို အကြော်အဖြစ် အသုံးပြုဖို့ဝယ်ယူတာများပါတယ်။ ကြူကုတ်ကြက်သွန်တွေကိုတော့ ရှမ်း ပြည်နယ်မှာ အသုံးပြုတာနည်းတာကြောင့် ဈေးကလည်း ရှမ်းကြက်သွန်အောက် မှာသာရှိတယ်လို့လည်းဈေးကွက်က သိရှိရပါ တယ်။ ဒီတစ်ပတ်မှာတော့ ရှမ်းကြက်သွန်ဖြူက ဈေးနှုန်းအနည်းငယ်ပြောင်းလဲလာပါတယ်။  ယခင်တစ်ပတ်ကထက် တစ်ပိဿာကိုကျပ် ၅၀ မှ ၅၀၀ ထိဈေး တက်လာပါတယ်။
      ရန်ကုန်ဝယ်လက်တွေကလည်း ပြန်လည်ဝယ်ယူလာသလို နေပြည်တော်၊ မော်လမြိုင် ၊တပ်ကုန်းစတဲ့မြို့တွေကပါ အဝယ်လိုက်လာတာကြောင့် တစ်ပတ်အတွင်းမှာ ကြက်သွန်ဖြူ ပိဿာချိန်ပေါင်း ၃ ဒသမ ၃သိန်း အရော င်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက်ဈေး တွေက (လဲခြား)ကျပ်  ၉၅၀၊ (ထူး-၁) ကျပ် ၁၃၀၀၊ (ထူး-၂)ကျပ် ၁၆၀၀၊ (ထူး-၃)ကျပ် ၂၀၀၀၊ (ထူး-၄) ကျပ် ၂၅၀၀ ရှိကြော င်း သိရပါတယ်။

 

ဧဧခိုင်-တောင်ကြီး