Main menu

Background

တောင်ကြီးမြို့တွင် မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်း

Wed, 01/17/2018 - 14:59 -- journal_editor

    မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ  ကြီးမှူးကျင်းပသော   မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီး မြို့၊ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန၌ ဇန်နဝါရီလ ၈ ရက်တွင် ကျင်းပခဲ့ပါ သည်။  အဆိုပါ  အခမ်းအနားတွင် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုး ထုတ် လုပ်တင်ပို့ရောင်းချ သူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ရှမ်း/တောင်) ဥက္ကဋ္ဌ ဦးခင်အောင်က အရည်အသွေးမီ ထောပတ်သီးများနိုင်ငံ ခြားဈေးကွက်သို့  တင်ပို့နိုင်ရေးနှင့် ထောပတ်သီးမှတစ်ဆင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကိစ္စရပ် များကိုကြိုးပမ်း  ဆောင်ရွက်ကြရန် လည်းကောင်း၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူက သင်းဖွဲ့ စည်းမျဉ်းနှင့် အသင်းဖွဲ့စည်းပုံများ အကြောင်းကိုလည်းကောင်းအသီးသီး ရှင်းလင်းေ ဆွးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံထောပတ် သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းကို ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်စန္ဒာမျိုးအား ရွေးချယ်တင် မြှောက်ခဲ့ကြပြီးဒုတိယ ဥက္ကဋ္ဌ သုံးဦး၊ အတွင်းရေးမှူးတစ်ဦး၊ တွဲဖက်အတွင်း ရေးမှူးသုံးဦး၊ ဘဏ္ဍာရေးမှူးတစ်ဦး၊ စာရင်းစစ်နှစ်ဦး၊ ဗဟိုအလုပ်အမှု ဆောင်ရှစ်ဦးအပါအဝင် စုစုပေါင်း ၁၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြန်မာ နိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူ များ၊ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန တာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများ၊ ပြည်နယ်/တိုင်းဒေသ ကြီးများမှ ထောပတ်သီးအစုအဖွဲ့များ နှင့် ထောပတ်သီးတောင်သူများအပါ အဝင် စုစုပေါင်း ၆၀ ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
ထူးအိန္ဒြာဗိုလ် (တောင်ကြီး)