Main menu

Background

ထိုင်းနိုင်ငံသို့ ကော်ဖီစေ့ တင်ပို့

Thu, 02/22/2018 - 10:42 -- journal_editor

  မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီ ၃ရက်မှ ၉ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၄၄၀ တန်ဖိုးရှိ ကော်ဖီစေ့ ၁၂ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တာချီလိတ်မှ ကော်ဖီစေ့တင်ပို့မှု မရှိခဲ့ပါဘူး။မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးလျက်ရှိတဲ့ ဒေသများမှာ တောင်ငူ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ် ရွာငံဒေသနဲ့ ချင်းပြည်နယ်တို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထွက် အထူးတန်းကော်ဖီကို ၂၀၁၆ ခုနှစ်က အမေရိကန်သို့ တင်ပို့ခဲ့ပြီး ဂျပန်၊တရုတ်(တိုင်ပေ)၊ ဆွစ်ဇာလန်နဲ့ အာရှနိုင်ငံများသို့ ကော်ဖီ ဈေးကွက် ချဲ့ထွင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်း ချသူများအသင်းမှ သတင်းရရှိပါတယ်။              

 မော်မော်အောင်