မတ်လ၁၁ရက်မှ၁၇ရက်အထိသီတင်းပတ်အတွင်းမန်ကျည်း၂၀၆၇ဒသမ၉၈တန်ကိုပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ဒီတစ်ပတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၉၆ တန်၊ အင်ဒိုနီးရှားနိုင်ငံသို့ ၂၉၈ တန်၊ မလေးရှားနိုင်ငံသို့ ၄၄၁ ဒသမ ၉၈ တန်၊ စင်ကာပူနိုင်ငံသို့ ၁၀၃၂ တန်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၁၅၀ နဲ့ ဗီယက် နမ်နိုင်ငံသို့ တန်ချိန် ၅၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန် ၃၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန်၁၆၉၀ ကျော် တင်ပို့မှုပိုခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၅၈၃၈၀ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။
Background