Main menu

Background

မြေသြဇာတန်ချိန် ၂၆၀၀၀ကျော်ဝင်

Fri, 03/30/2018 - 12:40 -- journal_editor

     မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၄၆၈၇၂၅ တန်ဖိုးရှိ မြေသြဇာ ၂၆၀၂၅ ဒသမ ၂၉၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်  ကနေဒါနိုင် ငံ မှ တန်ချိန် ၇၅၀၊ တရုတ်နိုင်ငံမှ ၂၀၃၆ ဒသမ ၄၀ တန်၊ အီရန်နိုင်ငံမှ ၁၀၅၀ တန်၊ မလေးရှားနိုင်ငံမှ ၁၁၅၈၈ ဒသမ ၀၈ တန်၊ နော်ဝေနိုင်ငံမှ ၄၉၅ ဒသမ ၈၁၅ တန်၊ ပိုလန်နိုင်ငံမှ ၁၀၅ တန်နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀၀၀၀ တင်သွင်းခဲ့ တယ်လို့သိရပါတယ်။ ယခင် သီတင်း ပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန် ၃၅၃၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၂၂၄၉၀ ကျော်တင်သွင်းမှုပိုခဲ့တယ်လို့သိရပါတယ်။ တင်သွင်းခဲ့တဲ့ အမျိုး အစားများမှာ ပိုတက်၊ အမိုနီးယားဆာလဖိတ်၊ ယူရီးယား၄၆%၊ပိုတက်ဆီယမ်နိုက် တြိတ်နဲ့ဓာတ်ဆားတို့ဖြစ်ပါတယ်၊

  သီတာဝင်း( DOT)