Main menu

Background

နို့ဆီ်တန်ချိန် ၆၀၀ကျော်နဲ့နို့မှုန့်တန်ချိန်၃၀ကျော်ဝင်

Fri, 03/30/2018 - 12:41 -- journal_editor

      မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း     အမေရိကန် ဒေါ်လာ ၆၈၂၂၅၂ တန်ဖိုးရှိ နို့ဆီ ၆၂၆ ဒသမ ၀၄၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်   မလေးရှား နိုင်ငံမှ ၃၁၉ ဒသမ ၆၄၄ တန်နဲ့ စင်ကာပူနိုင်ငံမှ ၃၀၆ ဒသမ ၄၃၂ တန်တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ တံဆိပ် များမှာ တီးပေါ့၊ မာရီဂိုးနဲ့ အိုကေတို့ဖြစ် ပါတယ်။ ယခင်သီတင်းပတ်က    တင် သွင်းခဲ့တဲ့   နို့ဆီတန်ချိန် ၂၁၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန်၄၁၀ ကျော် တင်သွင်းမှုပိုခဲ့တယ်လို့  သိရ ပါတယ်။နို့မှုန့်က  ဒီတစ်ပတ်မှာ  နယူး ဇီလန်နိုင်ငံမှ    ၈  ဒသမ ၀၅၈ တန်နဲ့ မလေးရှားနိုင်ငံမှ  ၃၀ ဒသမ ၄၂ တန် ၊ စုစု ပေါင်း ၃၈ ဒသမ ၄၇၈ တန်ကို တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ နို့မှုန့်တန်ချိန် ၁၉၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန် ချိန် ၁၅၀ ကျော် တင်သွင်းမှုလျော့နည်း ခဲ့တယ်လို့သိရပါတယ်။   ဒါကြောင့် ဒီတစ်ပတ် နို့ဆီအဝင်ပိုပြီး နို့မှုန့်အဝင် လျော့ခဲ့တယ်လို့သိရပါတယ်။

 

  သီတာဝင်း( DOT)