ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ မတ် ၁၀ ရက်မှ ၁၆ ရက်ထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၃၁ တန်ကို တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်က ၃၄၄ တန်တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၃ တန်တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်တင်ပို့မှု ပိုမိုခဲ့သော်လည်း မောင်တော ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်တင်ပို့မှု ကျဆင်းခဲ့တဲ့အတွက် ယခုလို ကျဆင်းခြင်းဖြစ်ပါတယ်။တင်ပို့ မှုကိုကြည့်ပါက စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးမှ ရေထွက်ကုန် ငါးမြစ်ချင်း၊ ငါးခေါင်းပွတို့ကို ၂၈၁ တန်နဲ့ မောင်တော ကုန်သွယ်ရေးစခန်းရှိ ငါးစုံ လေးခြောက် တန် ၅၀ တို့ကို တင်ပို့ခဲ့ပါတယ်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်များအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၂ သန်း တန်ဖိုးရှိ ဧည့်မထ ၂၅မှတ်ဆန်၊ မန်ကျည်းစေ့၊ မန်ကျည်းဖတ်၊ ဆီးသီးခြောက်၊ ဆီးဖတ်၊ ချင်းအစို၊ သစ်ခေါက်ကြိမ်၊ ဆီးယိုထုပ်တို့ကို ၁၄၂၅ တန်နဲ့ မောင်တောကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၅၀ သန်းတန်ဖိုးရှိ ဧည့်မထဆန်၊ ချင်းအစို၊ မြေပဲ၊ ဝါး(ကြီး)^(သေး) ၊ ကြိမ်၊ ဆီးယိုထုပ်၊ ကွေကာ၊ နေကြာစေ့၊ သကြားလုံး၊ သနပ်ခါးခဲတို့ကို ၁၂၈၀ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ