Main menu

Background

အညာဒေသက ထွက်ရှိသော ဖန်းခါးသီးအစိုနှင့် အခြောက် ပေါ်ဦးပေါ်ဖျား အဝယ်လိုက်နေ

Thu, 07/26/2018 - 13:30 -- journal_editor

    မကွေးတိုင်းဒေသကြီးမကွေးမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ရေနံ ချောင်းမြို့နယ်များမှ စိုက်ပျိုးထွက်ရှိ သော ဖန်းခါးသီးများ အစိုရော အခြောက် ပါ အဝယ်လိုက်နေကာ ဒေသခံများ ဝင်ငွေရနေကြောင်း ဒေသခံများထံက သိရ သည်။ဝါတွင်းကာလတွင် ဖန်းခါးသီးကို သံဃာတော်များအား ဆေးအဖြစ်၊ အတို့အမြုပ်အဖြစ် ကပ်လှူကြသည့် အပြင် ရာသီစာအဖြစ် စားသုံးကြ ကြောင်း၊ အညာဒေသ အထက်ပါမြို့ နယ်များတွင် ဒေသတွင်းဈေးကွက် အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အထိ ပီနံအိတ်များတွင် ထုပ်ပိုး၍ ကုန်စည် တင်ယာဉ်များနှင့်    တင်ပို့ကြောင်း နတ်မောက်မြို့နယ်က   ဖန်းခါးသီး ရောင်းဝယ်သူကို မျိုးဆွေဦးက ပြောသည်။မိုးရာသီ ဇူလိုင်ကနေ သြဂုတ်လ အထိ အညာဒေသ အထက်ပါမြို့နယ် များတွင် ဖန်းခါးသီးများ လှိုင်လှိုင်သီး ကာ အပင်တစ်ပင်လျှင် တစ်ဆယ့် ခြောက်ပြည်ဝင် ငါးတင်းကနေ ဆယ် တင်းအထိ ထွက်ရှိကြောင်း သိရသည်။လက်ရှိ ဖန်းခါးသီးတစ်တင်းလျှင် ကျပ် ၂၀၀၀၀ ဈေး ဝယ်ယူပြီး အခြောက် တစ်ပြည်ကို ကျပ်၂၅၀၀ ဈေးဝယ်ယူ သည်။ အစိုကို ရာသီစာကုန်စိမ်းနှင့် အခြောက်ကို တိုင်းရင်းဆေးအဖြစ် ရောင်း ချကြောင်း သိရသည်။အခါးဓာတ်ပါသဖြင့် တိုင်းရင်း ဆေး အဖြစ် ပြည်တွင်းမှာရော ပြည်ပ တရုတ်နိုင်ငံကပါ ဝယ်ကြောင်း သိရ သည်။      

   ဆန်းညွန့် (ရေနံချောင်း)