Main menu

Background

ပြောင်းဖူးနှင့်ပြောင်းဖူးစေ့ ဝယ်လိုအားကောင်းသဖြင့် တောင်သူများ ပိုမိုစိုက်ပျိုးနိုင်

Mon, 10/29/2018 - 16:04 -- journal_editor

       မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်နှင့်စလင်းမြို့နယ်များတွင်  ကိုင်း မြေများ၌ ပြောင်းဖူးကို သီးညှပ်နှင့် သီးသန့်အဖြစ် နေရာပေးပြီး စိုက်ပျိုးနေ ကြရာ ယခင်နှစ်က ထက် ပြောင်းဖူးနှင့် ပြောင်းဖူးစေ့ ဈေးေ ကာင်းရြ ခင်းများ ကြောင့်ဖြစ်ကြောင်း သိရသည်။''ဖူးစားပြောင်းစိုက်နေကြတယ်။အရင်းအနှီးကလည်း မျိုးစရိတ်၊ မြေသြ ဇာစရိတ်ပဲ ရှိတယ်။   အလုပ်သမားခ ကလည်း မြေပဲလိုအများကြီးမငှားရဘူး။ဈေးကွက်မှာ ပြောင်းဖူး အဖူး ၁၀၀ ကို ကျပ်၂၀၀၀၀ ဈေး ရောင်းရတယ်။ပြောင်း ရိုးခေါ် ပြောင်းပင်တစ်ခင်း  သုံးဧကကို အပင်အနေအထားကို မူတည်ပြီး ကျပ် ၂၀၀၀၀ ဈေးပေးပြီး  နွားစာ၊ မြင်းစာ အဖြစ် ရောင်းရတယ်။ ဒါကြောင့် စိုက် ကြတာပါ''ဟု စလင်းမြို့ နယ် ဖောင်းလင်း ကျေးရွာက ဒေသခံတောင်သူတစ်ဦးကပြောသည်။ လက်ရှိ ပြောင်းဖူး အဖူး ၁၀၀ လျှင် ကျပ် ၂၀၀၀၀ ဈေးရှိပြီး ပြောင်းဖူး စေ့ တစ်တင်းကျပ် ၁၂၅၀၀ ရှိကြောင်း သိရသည်။ ဖူးစားပြောင်း ကို မြေပဲနှမ်း နှင့် ကုလား ပဲစိုက်  ခင်းတွေမှာ  သီးညှပ် စိုက်ကြကြောင်း တောင်သူများထံက သိရသည်။ရေနံချောင်းမြို့နယ်တွင် ဖူးစား ပြောင်းဧက ၁၃၄၅၅ စိုက်ရန် လျာထား ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရ သိရပါသည်။

ရွှေစင်